အလုံ မတ်
၂၀
အလုံမြို့နယ်၊ သစ်တောရပ်ကွက်၊ သစ်တောလမ်းရှိ ပရိဘောစက်ရုံ အမှတ်(၂)တွင် မတ်(၂၀)ရက်နေ့ နံနက် ၁၂း၀၅နာရီက မီးစတင်လောင်ကျွမ်းမှုဖြစ်ကြောင်းသိရသည်။ မီးလောင်းကျွမ်းပြီး ၁၂း၁၅ နာရီမှ စတင်မီးငြိမ်း သတ်ခဲ့ရာ ၁၂း၄၀ နာရီမှာ မီးထိန်းနိုင်ခဲ့ပြီး ၁၂း၄၅ နာရီ အချိန်တွင်မီးငြိမ်းသတ်နိုင်ခဲ့သည်။ နံနက် ၃း၃၀နာရီတွင် အပြီးသတ် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။
အဆိုပါမီးလောင်ရာသို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ညွှန်ကြားရေးမှူးချုပ် ဦးတင်မိုးနှင့် တာဝန်ရှိသူများ မြန်မာ့သစ် လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးစောဂျွန်ဘရွှေ နှင့် သစ်လုပ်ငန်းမှ တာဝန်ရှိလူကြီးများ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ဒေါ်ယဉ်ယဉ်မြင့်၊ အမှတ်(၂) ဒေါ်နွယ်နွယ်ဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်ဇော်၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှူး ဦးရဲလင်းပိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် မြိုကနယ်အတွင်းရှိ ဌာနဆိုင်ရာ အကြီး အကဲများ၊ ရပ်ကွက်(၁၁)ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများ မီးငြိမ်းသတ်ရာသို့ပါဝင် ဆောင်ရွက်ခဲ့ကြသည်။ မီးငြိမ်းသတ်ရာတွင် သန္ဓေမီးသတ် (၃၁၁)ဦး ၊အရန်မီးသတ် (၁၁၃)စုစုပေါင်း မီးသတ်အင်အား (၄၂၄)ဦး၊ မီးငြိမ်း သတ်ယာဉ်(၄၅)စီး၊ အထောက်အကူပြုယာဉ်(၂)စီး၊ အုပ်ချုပ်မှုယာဉ်(၆)စီး၊ မီးသတ်စက်ယာဉ်(၁)စီး၊ မိတ်ဖက်ယာဉ်(၂)စီး စုစုပေါင်း(၅၆)စီးဖြင့် မီးငြိမ်းသတ် နိုင်ခဲ့ကြောင်းသိရသည်။
မီးလောင်ကျွမ်းခံရသော ပရိဘောဂစက်ရုံ အမှတ်(၂)၏ ငါးပေဘင်းစောစက်ရုံဂိုဒေါင် လောင်ကျွမ်းဆုံး ရှုံးခဲ့ပြီး၊ စက်ပစ္စည်းကရိယာများ လောင်ကျွမ်းမှုမရှိကြောင်း၊ ထိခိုက်ဒဏ်ရာရရှမှုမရှိကြောင်းနှင့် မီးစတင်လောင်ကျွမ်းမှု အား စစ်ဆေးလျက်ရှိကြောင်း သက်ဆိုင်ရာမှသတင်းရရှိသည်။
မြို့နယ် ပြန်/ဆက်
No comments:
Post a Comment