ပူတာအို
ဖေဖော်ဝါရီ ၂၂
ကချင်ပြည်နယ်အစိုးရအဖွဲ့
စည်ပင်သာယာရေးဝန်ကြီးဌာန၀န်ကြီးနှင့် မြို့မဈေး၊ လေယာဉ်ကွင်းဈေး
ရှိဈေးကော်မတီများ၊ ဈေးသူ ဈေးသားများ တွေ့ဆုံမှုတစ်ရပ်ကို ဖေဖော်ဝါရီ (၂၁) ရက်
မွှန်းလွဲ (၂)နာရီခွဲက ပူတာအိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံး၌ကျင်းပသည်။
အခမ်းအနားတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့
စည်ပင်သာယာရေးဝန်ကြီးဌာန၀န်ကြီး ဦးနေ၀င်းက ပူတာအိုဒေသသည် မကြာမီ ကာလအတွင်း အရှိန်အဟုန်ဖြင့်
ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ ဈေးအတွင်းရောင်းချသော စားသောက်ကုန်များသည် ကျန်းမာရေးနှင့်ညီညွှတ်ရန်လိုအပ်ကြောင်း၊
ပူတာအိုမြို့သည် ခရိုင်မြို့ဖြစ်သည်နှင့်အညီ ခရိုင်မြို့ အဂါင်္ရပ် နှင့်ညီအောင် ဈေးအဆင့်မြင့်တင် ရန်လိုအပ်သဖြင့်
ဈေးအဆင့်မြင့်တင်နိုင်ရန် ချပြဆွေးနွေးရခြင်းဖြစ်ကြောင်း၊ ဈေးကော်မတီ များနှင့်ဈေးသူဈေး
သားများ၏သဘောထားများ ပွင့်ပွင့်လင်းလင်း ဆွေးနွေးစေလိုကြောင်းပြောကြားပြီး
ကချင်ပြည်နယ်စည်ပင်သာ ယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးစိုးနိုင်က မြို့မဈေးနှင့် လေယာဉ်ကွင်းဈေးအား
ကွင်းဆင်းစစ်ဆေးခဲ့ပါကြောင်း၊ မီးဘေးအန္တရာယ် လုံခြုံရေးအထူးဂရုပြု ဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့်
မြို့မဈေးအာရ်စီနှစ်ထပ်ဈေး ဆောက်လုပ်မည့် လုပ်ငန်းစီမံချက်အား ချပြရှင်းလင်း ဆွေးနွေးသည်။
ထို့နောက် မြို့မဈေးကော်မတီဥက္ကဌ
ဦးဝင်းမေချမ်းနှင့် ဈေးသူဈေးသားများက မြို့မဈေးအာရ်စီနှစ် ထပ်ဈေးအဆင့်မြင့်တင်
ဆောက်လုပ်မည့် လုပ်ငန်းစီမံချက်အပေါ် သဘောထားအမြင်များနှင့် သိလိုသည်များကို
ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြပြီး လေယာဉ်ကွင်း ဈေးကော်မတီဥက္ကဌ ဦးလီပေါရဲ့က
လေယာဉ်ကွင်းဈေးအား အာရ်စီနှစ်ထပ်ဈေးအဆင့်မြင့်တင် ဆောက်လုပ် ပေးနိုင်ရန်နှင့် ဈေးရှေ့မျက်နှာစာလမ်းအား
ကွန်ကရစ်ခင်းပေးနိုင်ပါရန်တင်ပြရာ ၀န်ကြီးနှင့်ညွှန်ကြားရေးမှူးတို့က တင်ပြချက်များ
အပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်(ပူတာအို)
No comments:
Post a Comment