တောင်ကြီး ဖေဖော်ဝါရီ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊
လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ အလက(ခွဲ)ဟမ်းငိုင်းမှ မိုင်းကိုင်မြို့သို့
စာမေးပွဲဖြေဆိုရန် ကျောင်းသား/ကျောင်းသူများ စီးနင်းလိုက်ပါလာသော မော်တော်ယာဉ်သည် ဖေဖော်ဝါရီလ
(၂၀)ရက် နေ့လည် (၁၂)နာရီ (၁၅) မိနစ်တွင် မိုင်းကိုင်မြို့သို့လာသည့် လမ်းတွင် တိမ်းမှောက်ပြီး
မော်တော်ယာဉ် မောင်းနှင်သူ (၁)ဦး၊ စတုတ္ထတန်း ကျောင်းသား (၂)ဦး၊ ကျောင်းသူ(၁)ဦးနှင့်
အဌမတန်းကျောင်းသူ(၁)ဦးသေဆုံးခဲ့ပြီး ဒါဏ်ရာ ရရှိသူများကို မိုင်းကိုင်ဆေးရုံ တွင်(၃)ဦး၊
လွိုင်လင်ဆေးရုံတွင်(၁၀)ဦး၊ စဝ်စံထွန်းဆေးရုံတွင်(၄)ဦး တက်ရောက် ဆေးကုသပေးလျှက် ရှိကြောင်းသိရသည်။
အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့်
ဒါဏ်ရာရရှိသည့် ကျောင်းသား/ကျောင်းသူများအား ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်
ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးအောင်၊
ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့်အတူ စဝ်စံထွန်းဆေးရုံကြီးတို့တွင် တက်ရောက်ကုသ နေသည့်
ကျောင်းသား/ ကျောင်းသူများအား သွားရောက်ကြည့်ရှု၍ လိုအပ်သည်များမှာကြားပြီးအားပေးစကား
ပြောကြားခဲ့ကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)
No comments:
Post a Comment