Wednesday, February 22, 2017

နိုင်ငံတော်သမ္မတ ဦးထင်ကျော် ဟားခါးမြို့နှင့် ထန်တလန်မြို့ ဒေသဖွံ့ဖြိုးရေး အခြေအနေများကို ကြည့်ရှုစစ် ဆေးပြီး ဒေသခံများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ


နေပြည်တော် ဖေဖော်ဝါရီ ၂၁
နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် တာဝန်ရှိသူများနှင့်အတူ ဟားခါးမြို့နှင့် ထန်တလန်မြို့ ဒေသဖွံ့ဖြိုးရေး အခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး ဒေသခံ များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံသည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင်တို့သည် ပြည်ထောင်စု ၀န်ကြီးများ၊ ချင်းပြည်နယ် ၀န်ကြီးချုပ်တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ၂၀၁၅ ခုနှစ် ဇူလိုင်လနှင့် သြဂုတ်လအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြိုကျခဲ့ သည့် ရုန်းတောင်အခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိ သူများက ရုန်း တောင်ပြိုကျမှုကြောင့် တော်လှန်ရေးကန်နှင့် လူနေအိမ် များ ထိခိုက်ပျက်စီးမှု၊ ပြန်လည် ပြုပြင် ဆောင်ရွက်ပြီးစီးမှု၊ သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားမှု၊ သဘာဝဘေး အန္တရာယ်ဖြစ်ပေါ်လာပါက ထိခိုက်မှုအနည်း ဆုံး ဖြစ် စေရေး အတွက် စနစ်တကျ ကြိုတင်ပြင်ဆင်နေမှုနှင့် ရေရှည် လုံခြုံစိတ်ချနိုင်ရေး အတွက် ဆောင်ရွက်သွားရမည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် လုပ်ငန်းများအတွက် နိုင်ငံတော်က ဘဏ္ဍာရန်ပုံငွေ ခွင့်ပြုဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ယင်းဘဏ္ဍာရန်ပုံငွေ များကို ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ထိထိရောက်ရောက် အသုံးပြုရန် လိုကြောင်းနှင့် ဒေသ ခံပြည် သူ များအတွက် အမှန် တကယ် အကျိုးဖြစ်ထွန်းစေ သည့် လုပ်ငန်း များဖြစ် ရန်လိုကြောင်း ပြောကြားပြီး ရုန်း တောင်မြေဆီလွှာ ကြံ့ခိုင်ရေး အတွက် ရှင်သန်ဖြစ်ထွန်းနိုင်သည့်အပင်များ စိုက်ပျိုးရန် မှာကြား သည်။
ထို့နောက် ဟားခါးမြို့ ဇေတ၀န်ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိကြပြီး ချင်း တောင်တန်း သာသနာပြုဆရာတော် ဒေါက်တာအရှင် တေဇောသာရ အမှူးပြုသော သံဃာတော်များအား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ဝတ္တူပစ္စည်းများ ဆက်ကပ်လှူဒါန်း သည်။
ယင်းနောက် ဟားခါးနှစ်ခြင်းခရစ်ယာန်အသင်းတော် ဘုရားကျောင်း သို့ ရောက်ရှိ ကြရာ သိက္ခာတော်ရ ဆရာတော် ဒေါက်တာစတီဗင်လျန် ဟုပ်လိန်းက ကြိုဆိုနှုတ်ခွန်း ဆက်စကားပြောကြား ကာ သိက္ခာတော်ရ ဆရာတော် ပေါလ်သုမ် ကျဲအိုက နိုင်ငံတော် သမ္မတနှင့်အဖွဲ့ဝင်များ အတွက် ကောင်းချီး မင်္ဂလာ ဆုတောင်းပေးပြီး နိုင်ငံတော်သမ္မတ က ဟားခါးမြို့ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ ဆရာတော် ၁၀ ပါးအား လက်ဆောင်ပစ္စည်း များ ပေးအပ်သည်။
ထို့နောက် ဟားခါးပြည်သူ့ဆေးရုံကြီး သို့ ရောက်ရှိကြပြီး ဆေးဝါးကု သမှု ခံယူနေ သော လူနာများအား နွေးနွေးထွေးထွေး လိုက်လံအားပေး စကားပြောကြား ကာ ထောက် ပံ့ငွေများ ပေးအပ်ပြီး တိုးချဲ့လူနာဆောင် များ ဆောက်လုပ်နေမှုကို ကြည့်ရှုသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် ဟားခါးမြို့ ဗိုလ်တိုက်ချွန်းခန်းမ၌ ဟားခါးမြို့ နယ်လူထုနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက် များကို ပွင့်ပွင့်လင်းလင်း တင်ပြကြရန် ပြောကြားသည်။
တွေ့ဆုံပွဲတွင် ဟားခါးမြို့ မြို့မိမြို့ဖ ဦးရှန်မန်းက ဟားခါး-တူပီ-ပလက်ဝ လမ်း အား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ပေးရေး၊ ဟားခါးမြို့တွင်းလမ်း များအား နိုင်လွန်ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ပေးရေး၊ ဟားခါးမြို့တွင် အစိုးရသစ်ခွဲစက် နှင့် သစ်အရောင်းဆိုင်ဖွင့်လှစ်ပေးရေး၊ ဟားခါးမြို့ အတွက် ရေအား လျှပ်စစ်စက်ရုံတည် ဆောက်ပေးရေး၊ ဟားခါးမြို့တွင် နည်းပညာတက္ကသိုလ်ဖွင့်လှစ်ပေးရေး၊ ဟားခါးမြို့ ဆေးရုံကြီး အား ခုတင် ၅၀၀ ဆံ့အဖြစ် အဆင့်မြှင့်တင်ပေးရေးတို့ကိုလည်းကောင်း၊ ချင်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးပြုံးချိုက တွန်းဇန်၊ တီးတိန်၊ ဖလမ်း၊ ဟားခါး၊ ထန်တလန်၊ မင်းတပ်၊ မတူပီ၊ ကန်ပက်လက်၊ ပလက်ဝ မြို့နယ်များနှင့် ရိခေါဒေါ၊ လိုင်လင်းပီ၊ ရေဇွာ၊ ဆမီး မြို့များ၏ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက် များကိုလည်း ကောင်း တင်ပြကြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒေါက်တာ မြင့်ထွေး၊ ဒေါက်တာအောင်သူ၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယ၀န်ကြီး ဦးကျော်မျိုး၊ အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်တို့က ဖြည့်ဆည်းဆောင် ရွက်ပေးသွားမည့် လုပ်ငန်းများနှင့်ပတ်သက်သည့် အစီအမံများကို ရှင်းလင်းပြောကြား ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ဟားခါးကောလိပ် အဆောက် အဦများ တည်ဆောက်ပြီးစီးမှု အခြေအနေအား သွားရောက်ကြည့်ရှုသည်။
မွန်းလွဲပိုင်းတွင် ထန်တလန်မြို့သို့ ရောက်ရှိကြပြီး ထန်တလန်ပြည် သူ့ဆေးရုံကြီး အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးကာ ဆေးဝါးကုသမှု ခံယူနေသော လူနာများအား ရင်းရင်းနှီးနှီး လိုက်လံအားပေးစကားပြောကြား ၍ ထောက်ပံ့ငွေများ ပေးအပ် သည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် ထန်တလန်မြို့နယ်လူထုနှင့် မြို့နယ်ခန်းမ ၌ တွေ့ဆုံရာ မြို့နယ်စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ ဦးရမ်ခါက ထန်တလန်မြို့နယ် အတွက် မဟာဓာတ်အားလိုင်း သွယ်တန်းပေးရေး၊ အမှတ်(၂) အခြေခံ ပညာမူလ တန်းကျောင်းအား အလယ်တန်းကျောင်း အဆင့်သို့ တိုးမြှင့်ပေးရေး၊ ဌာန ပေါင်းစုံ စုပေါင်းရုံးတည်ဆောက်ပေးရေး၊ အစိုးရဌာန ၂ ခုဖြည့်စွက်ဖွင့်လှစ်ပေးရေး၊ သောက် သုံး ရေရရှိရေး အတွက် ရေလှောင်တမံတည်ဆောက်ပေးရေး၊ ဟားခါး-ထန် တလန်- ဆာဆီချောက်လမ်းနှင့် ဘွေနူးမြစ်ကူးတံတား အကောင်အထည်ဖော်ဆောင် ရွက်ပေး ရေး၊ ဟားခါး-ထန်တလန်လမ်းအား (၁၈)ပေအကျယ် ကတ္တရာလမ်း ခင်းပေးနိုင်ရေး၊ ၂၅ ခုတင်ဆံ့ ပြည်သူ့ဆေးရုံအား ခုတင် ၅၀ ဆံ့ဆေးရုံအဖြစ် အဆင့်မြှင့် တင်ပေးရေး၊ တည်း ခိုရိပ်သာနှင့် အဆင့်မီခန်းမ တည်ဆောက်ပေးရေး တို့ကို တင်ပြရာ ပြည်ထောင်စု ၀န်ကြီး ဦးဝင်းခိုင်၊ ဒေါက်တာမြင့်ထွေးနှင့် ဒေါက်တာမျိုးသိမ်းကြီးတို့က ဖြည့်ဆည်း ဆောင်ရွက်ပေး သွားမည့် လုပ်ငန်းများနှင့် ပတ်သက်သည့် အစီအမံများကို ရှင်းလင်း ပြောကြားကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတက ချင်းပြည်နယ်အား ဦးစားပေးအစီအစဉ်ဖြင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ဒေသခံများအနေဖြင့်လည်း ကိုယ်ထူကိုယ်ထဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် ကြိုးပမ်းဆောင် ရွက်ကြရန် လို အပ်ပါကြောင်း၊ ရိုးရာလက်မှုလုပ်ငန်းများကိုလည်း တီထွင်ကြံ ဆမှုဖြင့် ပိုမိုဖွံ့ဖြိုးတိုး တက်အောင် ဆောင်ရွက်ကြစေ လိုကြောင်း၊ ဒေသတွင်း ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက်လည်း ကြံဆဆောင်ရွက်ကြစေ လိုကြောင်း၊ နိုင်ငံတော်မှ လိုအပ်သည်များ ကို အတတ်နိုင်ဆုံး ဖြည့် ဆည်းဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်းပြောကြား သည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ရဟတ်ယာဉ်များဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး ကလေးခရိုင် ကလေးမြို့နယ်ရှိ ရာဇဂြိုလ်ရေလှောင် တမံဘက်စုံစီမံကိန်းသို့ ရောက်ရှိကြရာ စီမံကိန်းရှင်းလင်းဆောင်၌ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်က စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ ၂၀၁၅ ခုနှစ် ဇူလိုင်လတွင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးမြို့တွင် ထူးကဲ မိုးရွာသွန်းမှုကြောင့် ရာဇဂြိုလ်ရေလှောင်တမံအတွင်း ရေ၀င်ရောက်ခဲ့မှု အခြေအနေ၊ သဘာဝတောင် ပြိုရေကန်ကျိုးပေါက်မှုမှ ကာကွယ်ရန် အတွက် နုန်းဖမ်းဆည်များ တည် ဆောက်ခဲ့မှုအခြေအနေ၊ သဘာဝတောင်ပြို ရေကန်ကျိုးပေါက်မှုကြောင့် နုန်းဖမ်းဆည် များပျက်စီးမှုနှင့် ရာဇဂြိုလ်ရေလှောင်တမံအတွင်း ရုတ်တရက် ရေအလုံး အရင်းဝင် ရောက်မှု အခြေအနေ၊ ရေယူအဆောက်အအုံရှေ့ နုန်းစုပ်ထုတ်မှုနှင့် သစ်လုံးများ ဆယ်ယူခြင်း လုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ မဏိပူရရေလှောင်တမံ ဘက်စုံစီမံကိန်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေ၊ ကလေးမြို့နယ် အတွင်း ရေကြီးရေလျှံမှုကြောင့် ပျက်စီးသွားသော လယ်ယာမြေများ ပြုပြင်ဖော် ထုတ်ခြင်းနှင့် ရေပေးမြောင်း၊ ရေနုတ် မြောင်းများပြုပြင် တူးဖော်ခြင်းလုပ်ငန်း အခြေအနေများကို ရှင်းလင်းတင်ပြ သည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ရာဇဂြိုလ်ရေလှောင်တမံ ရေယူ အဆောက် အအုံနှင့် ရေအားလျှပ်စစ် စက်ရုံတို့ကို ကြည့်ရှုစစ်ဆေးပြီး ရေအား လျှပ်စစ် စက်ရုံရှိ နိုင်ငံခြားသားပညာရှင်များအား သစ်သီးခြင်း လက်ဆောင် ပေး အပ်သည်။
(သတင်းစဉ်)

No comments:

Post a Comment