Wednesday, February 22, 2017

စာဖတ်ရှိန်မြှင့်တင်ရေး ကျပန်းစကားပြောပြိုင်ပွဲကျင်းပ


တံတားဦး  ဖေဖော်ဝါရီ  ၂၁

အနာဂတ်နိုင်ငံတော်တွင် ခေါင်းဆောင်ဖြစ်လာမည့် ကလေးများ၏ ဥာဏ်ရည်ဥာဏ်သွေး နှင့်အတွေးအခေါ် အယူအဆများထက်မြက်လာရေး တီထွင်ဖန်တီးလိုစိတ်များ ရင့်သန်လာစေရေး ကလေးငယ်များစာပေနှင့် ရင်းနှီးပြီး စာဖတ်ဝါသနာပါလာစေရေး ကလေးငယ်များစာပေနှင့် ပျော်ရွှင်မှုကိုဖန်တီးရန် စသည့်အချက်များကို ရည်၇ွယ်ပြီး တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် စာဖတ်ရှိန် မြှင့်တင်ရေး ကျပန်းစကားပြောပြိုင်ပွဲကို ဖေဖော်ဝါရီလ ၂၁ ရက် နံနက်(၉)နာရီက မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဘိုမောင်က အမှာစကားပြောကြားပြီး အမှတ်ပေးဒိုင်အဖွဲ့ ဒိုင်ချုပ်ဦးသန်းထိုက်အောင် ကအမှတ်ပေးစဉ်းမျဉ်းများကို ရှင်းလင်း ပြောကြားသည်။ ဆက်လက်၍ ကျပန်းစကားပြောပြိုင်ပွဲဝင် ကျောင်းသား/သူများ(၁၅)ဦးက မိမိတို့ပြိုင်ဝင် ခေါင်းစဉ် ဖြင့်မဲနှိုက် ရွေးချယ်ပြီး ကျရာ ခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် နေ့လည်ပိုင်းတွင် ဆုပေးပွဲကို ဆက်လက်ကျင်းပရာ အခမ်းအနားတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ကျော့မြတ်ခိုင်က အမှာစကားပြောကြားပြီး ဆုရရှိသော ကျောင်းသား/သူများအား ဦးအစီးအရာရှိနှင့်တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
                  

တံတားဦး (ပြန်/ဆက်)

No comments:

Post a Comment