Wednesday, February 22, 2017

မိတ္ထီလာမြို့နယ်၌ အခြေပညာစတုတ္ထတန်းနှင့် အဌမတန်းစာမေးပွဲများကို အေးချမ်းစွာ စတင်ဖြေဆို

မိတ္ထီလာ၊ ဖေဖော်ဝါရီ ၂၂
ပညာရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ အခြေခံပညာစတုတ္ထန်းနှင့် အဌမတန်း စာမေးပွဲများကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက် ၉နာရီက စတင်ဖြေဆိုရာ အခြေခံပညာ စတုတ္ထတန်းစာမေးပွဲတွင်
ကျား ၂၉၈၆ ဦး၊ မ (၂၉၃၅) ဦး စုစုပေါင်း (၅၉၂၁) ဦးအား စာစစ်ဌာန (၄၈) ခုနှင့် အဌမတန်းစာမေးပွဲတွင် ကျား ၂၂၉၇ ဦး၊ မ (၂၄၂၅)ဦး စုစုပေါင်း (၄၇၂၂) ဦးအား စာစစ်ဌာန (၁၅) ခုဖြင့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဖြေဆိုသွားမည်ဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)

No comments:

Post a Comment