နေပြည်တော်
ဖေဖော်ဝါရီ ၂၁
၂၀၁၆-၂၀၁၇ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့်
စုစုပေါင်း မီး သတ်ယာဉ် ၆၂ စီးနှင့် တိုင်းဒေသကြီး၊ ပြည်နယ် ဘဏ္ဍာ ရန်ပုံငွေဖြင့် စုစုပေါင်းမီး
သတ်ယာဉ် ၁၄၅ စီး ထပ်မံဝယ်ယူ ဖြည့်တင်းပေး သွားမည် ဖြစ်ပါကြောင်း ပြည်ထဲရေးဝန်ကြီးဌာန
ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုး က ပြောကြားသည်။
မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁) မှ ဦးအေးမင်းဟန်၏
" မြန်မာတစ်နိုင်ငံလုံး၌ မီးဘေး အန္တရာယ်ကို ကြိုတင် ကာကွယ်ရန်အတွက် မည်ကဲ့သို့
စီမံဆောင်ရွက် ထားသည်ကို သိရှိလိုခြင်း နှင့် မီးလောင်ကျွမ်းသည့် အချိန်တွင် အချိန်မီ
မီးငြှိမ်း သတ်နိုင်ရေးအတွက် မီးသတ်ယာဉ်များနှင့် မီးသတ်ဝန်ထမ်းများ လုံ လုံလောက်လောက်
ထပ်မံဖြည့်တင်းထားရန် အစီအစဉ်ရှိ၊ မရှိ" မေးခွန်း နှင့်စပ် လျဉ်း ၍ ယနေ့နံနက်ပိုင်းတွင်
ကျင်းပသည့် ဒုတိယ အကြိမ် အမျိုးသားလွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့
တွင် ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးက ဖြေကြားရာ၌ အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်
သည်။
ထို့ပြင် ဒုတိယ၀န်ကြီးက မီးသတ်ဦးစီးဌာနသည်
မီးဘေးလုံခြုံရေး၊ သဘာ ၀ဘေး အန္တရာယ် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့ အကျိုးပြု
ဆောင် ရွက်ရေးစသည့် ရည်မှန်းချက် တာဝန် ၄ ရပ် ချမှတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း။
ပြည်ထဲရေးဝန်ကြီးဌာန မီးသတ်ဦးစီးဌာနအနေဖြင့်
ပြည်သူလူထုအတွင်း မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်
နိုင်ရန်အတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါ
ကြောင်းနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအား အောင်မြင်အောင် အကောင်
အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် မီးသတ်ဝန်ထမ်းများအား စွမ်းရည်မြှင့်တင် ခြင်း၊ မီးသတ်ဝန်ထမ်းများ
လုံလောက်စွာရရှိရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် စည်းရုံးခန့်ထားခြင်း
များ ဆောင် ရွက်ခြင်းနှင့် ဘဏ္ဍာနှစ်အလိုက် မီးသတ်ယာဉ်များ တိုးချဲ့ဖြည့်တင်းခြင်း လုပ်ငန်းများကို
လုပ်ထုံးလုပ်နည်းနှင့်အညီ စီမံဆောင်ရွက်လျက် ရှိ ပါကြောင်း ဖြေကြားသည်။
အစည်းအဝေးတွင် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ
ဦးဖေတင်၏ "မွန်ပြည်နယ် မုဒုံမြို့ ပေါ်ရှိ ရပ်ကွက်ကြီး ၄ ခုဖြစ်သော မြို့မ (၁)
ရပ်ကွက်၊ မြို့မ (၂) ရပ်ကွက်၊ မြို့မ(၃) ရပ်ကွက်နှင့် မြို့မ (၄) ရပ်ကွက်တို့အား မြေငှားဂရန်
ထုတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ " မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေး ၀န်ကြီးဌာန
ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးက မွန်ပြည်နယ်အစိုးရအနေဖြင့် မုဒုံမြို့ပေါ်ရှိ မြို့မရပ်ကွက်
(၄)ရပ်ကွက်ရှိ မြေငှားဂရန် ထုတ်ပေးရန်ကျန်ရှိနေ သူများအား မြေငှားဂရန်ထုတ်ပေးနိုင်ရေးအတွက်
အလေးအနက်ထား စတင် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခုအခါ မုဒုံမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးကို
နယ်နိမိတ်သတ်မှတ်ရေး အရာရှိအဖြစ် လည်းကောင်း၊ မုဒုံမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်
မြေစာရင်းဦးစီးဌာနမှူးကို နယ်နိမိတ် ကြီးကြပ်ရေးအရာရှိအဖြစ်လည်းကောင်း၊ ၂၀၁၇ ခုနှစ်
ဇန်န၀ါရီ ၁၈ ရက်က အမိန့်ထုတ်ပြန် ခန့်အပ်ခဲ့ပြီးဖြစ်ကြောင်း၊ ၄င်းတို့အနေဖြင့် မြို့မြေ
အဖြစ် ပြောင်းလဲ သတ်မှတ်နိုင်ရေးနှင့် ပိုင်ဆိုင်မှု အထောက်အထားများ သတ်မှတ်နိုင်ရေးတို့ကို
ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါကြောင်း။
မုဒုံမြို့ဧရိယာအတွင်းရှိ လယ်ယာမြေများကို
မြို့မြေအဖြစ် အမျိုးအစားပြောင်း လဲရန်၊ အခြားနည်းသုံးစွဲခွင့် လျှောက်ထားခြင်းနှင့်
ဆက်လက်ဆောင်ရွက် ရမည့် လုပ်ငန်းများကို ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဆက်လက်ဆောင်ရွက်
သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါ လုပ်ငန်းစဉ် များ ဆောင်ရွက်ပြီး သည့်အခါ မြေငှားဂရန်
ရယူလိုသူများအနေဖြင့် ပိုင်ဆိုင် ကြောင်းအထောက်အထားများဖြင့် သက်ဆိုင်ရာ အထွေထွေ အုပ်ချုပ်ရေးဦးစီးရုံးသို့
တင်ပြ လျှောက်ထားရမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ထို့ပြင် ဒုတိယ၀န်ကြီးက မွန်ပြည်နယ်အစိုးရ
အစီအစဉ်ဖြင့် မြို့နယ်နိမိတ် သတ်မှတ်ခြင်း လုပ်ငန်းများ ဆောင်ရွက် ပြီးပါက သတ်မှတ်ချက်များနှင့်
အညီ မြေပိုင်ဆိုင်မှုကိုဆောင်ရွက်ပြီး မြေငှားဂရန် ရယူလိုသူများအနေဖြင့် ၁၈၉၈ ခုနှစ်
အောက်မြန်မာနိုင်ငံ မြို့နှင့် ကျေးရွာမြေများ နည်းဥပဒေနှင့်အညီ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်
မြေစာရင်း ဦးစီးဌာန တွင် မြေစာရင်းပုံစံ ၁၀၅ နှင့် ပုံစံ ၁၀၆ ရယူ၍ သက်ဆိုင်ရာ အထွေထွေ
အုပ်ချုပ်ရေး ဦးစီးရုံး သို့ လျှောက်ထားလာပါက ဥပဒေ၊ နည်းဥပဒေများ နှင့်အညီ စိစစ်၍
မြေငှား ဂရန်များ ထုတ်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၂)မှ
ဦးမင်းနိုင်၏ "နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသတွင် တာဝန်ထမ်းဆောင်နေသော နိုင်ငံ့
ဝန်ထမ်း များအား ရှားပါးစရိတ် (တောင်တန်းစရိတ်) ပံ့ပိုးပေးရန် အစီအစဉ်ရှိ၊ မရှိ"
မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးက ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂၀၁၆
ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက် ရက်စွဲပါ အမိန့် ကြော်ငြာ စာအမှတ်၊ (၂၆/၂၀၁၆) ဖြင့် မြို့
၉၈ မြို့နှင့် ကျေးရွာအုပ်စု ၂၈၅၆ အုပ်စုတို့အား လူမှုရေး အသင့်တင့် ခက်ခဲသောဒေသများ၊
လူမှုရေး ခက်ခဲသောဒေသများ၊ လူမှုရေး အခက်ခဲ ဆုံးဒေသများ အဖြစ် ပြင်ဆင် သတ်မှတ်ပေးပြီး
ဒေသ စရိတ်ခံစားခွင့်ပေး ခဲ့ပါကြောင်း၊ အဆိုပါ အမိန့်ကြော်ငြာစာ အရ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
အတွင်း လူမှုရေး အခက်ခဲဆုံးဒေသအဆင့် မြို့ ၈ မြို့နှင့် ကျေးရွာ အုပ်စု ၁၁၆ အုပ်စုတို့တွင်
တာဝန်ထမ်းဆောင်နေသော နိုင်ငံ့ ၀န်ထမ်းများသည် သတ်မှတ် ထားသော ဒေသစရိတ်နှုန်းထား များကို
ခံစားလျက်ရှိပါကြောင်း။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မြို့
၈ မြို့နှင့် ကျေးရွာအုပ်စု ၁၁၆ အုပ်စုတို့ကို လူမှုရေး အခက်ခဲဆုံးဒေသအဖြစ် သတ်မှတ်၍
တာဝန် ထမ်းဆောင်နေသော နိုင်ငံ့ ၀န်ထမ်းများကို သတ်မှတ် ထားသော ဒေသစရိတ်နှုန်းထားများ
ခံစားခွင့်ပြုထားပြီးဖြစ်ပါကြောင်း၊ ရှားပါးစရိတ် (တောင်တန်းစရိတ်) ပံ့ပိုးပေးရန် အစီအစဉ်မရှိပါကြောင်း
ရှင်းလင်းဖြေကြားသည်။
မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်နွယ်နွယ်အောင်၏
"မွန်ပြည် နယ်၊ မော်လမြိုင် မြို့နယ်၊ ရိုးဂိုးကျေးရွာ ၊ ကျခတ်ကွင်း၊ ကွင်း အမှတ်(၈၁၃)၊
မြေကွက် အမှတ် (၇၀၃)၊ မြေဧရိယာ (၃၃.၇၀)ဧကရှိ မြေကွက် ကို ယခင် ရထားပို့ဆောင်ရေးဝန်ကြီးဌာနက
ဘူတာရုံနှင့် ၀န်ထမ်းအိမ် ရာ ဆောက်လုပ်ရန် လျာထားသတ်မှတ်ခဲ့သော်လည်း ယခုအချိန်ထိ အကောင်
အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိသေး သည့် မြေကွက် လပ်ကြီး အား ကျေးရွာပိုင် တိုက်နယ်အားကစားကွင်း
နှင့် မီးသတ်ကားများ ထားရှိရန် မီးသတ်အဆောက်အအုံ ဆောက်လုပ်ရန်တို့အတွက် ရိုးဂိုး ကျေးရွာ
ပိုင် မြေနေရာ အဖြစ် သတ်မှတ်ပေးရန် အစီအစဉ်ရှိ၊ မရှိ"မေးခွန်း၊ မကွေး တိုင်းဒေသကြီး
မဲဆန္ဒနယ်အမှတ်(၅)မှ ဦးတင်အောင်ထွန်း၏ "မကွေး တိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူးမြို့
နယ်တွင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ အား မလိုအပ်ဘဲ အမြဲမပြတ် အမိန့် ထုတ်ပြန်
နေခြင်း ကို ရပ်ဆိုင်းပေး ရန် အစီအစဉ် ရှိ၊ မရှိ" မေးခွန်းနှင့် မွန်ပြည်နယ် မဲဆန္ဒနယ်
အမှတ်(၉)မှ ဒေါက်တာဇော်လင်းထွဋ်၏ "သထုံမြို့နယ် မိုးကောင်းကျေးရွာ၌ တရားမ၀င် နွားမှောင်ခိုများ
ကိစ္စနှင့် ပတ်သက် ၍ ပြည်ထဲရေးဝန်ကြီးဌာနသို့ အကြောင်းကြား တင်ပြထားခြင်းအပေါ် မည်သို့အရေးယူ
ဆောင်ရွက်ထား သည်ကို သိရှိလိုကြောင်း" မေးခွန်း တို့နှင့်စပ်လျဉ်း၍ လည်း ဒုတိယ၀န်ကြီး
ဗိုလ်ချုပ်အောင်စိုးက ရှင်းလင်းဖြေကြား သည်။
ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်
မှ ပြင်ဆင် ချက်ဖြင့် ပြန်လည် ပေးပို့လာသည့် "ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း"အား လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူပြီး
အတည်ပြုခဲ့သည်။
မော်စီ၊ ဝေသူနွယ်၊ မွှေးကြူဇင် (သတင်းစဉ်)
No comments:
Post a Comment