Wednesday, February 22, 2017

ပြည်မြို့အနီး ဧရာဝတီမြစ်ကြောင်းအတွင်း တိုင်းထွာမှုများပြုလုပ်


ပြည် ဖေဖော်ဝါရီ ၂၁
ပဲခူးတိုင်းဒေသကြီး ပြည်မြို့အနီး ဧရာဝတီမြစ်ကြောင်းအတွင်း မိုးလေ ဝသနှင့် ဇလဗေဒဦးစီးဌာန (နေပြည် တော်)မှ မြစ်ကြောင်းသောင်ထွန်းနေမှု အခြေ အနေနှင့် ပတ်သက်၍ ဖေဖော် ဝါရီ ၂ဝ ရက် နံနက်ပိုင်းက တိုင်းထွာမှု များပြုလုပ် ခဲ့ကြကြောင်း သိရသည်။

အဆိုပါအဖွဲ့၏ ယခင်တိုင်းထွာမှု မှတ်တမ်းများ အရ ပြည်မြို့ကမ်းပါးပြိုကျမှု များဖြစ်ပေါ်ပြီး မတ်စောက်မှုများ တွေ့ရကြောင်း၊ ထို့အပြင် ညောင်ဦး စခန်း၌ တိုင်းတာခဲ့ရာတွင်လည်း မြစ်ကြောင်းမှာ တစ်ခုတည်းမရှိတော့ ဘဲ မြစ်လယ် ၌ သောင်ထွန်းမှုများ ဖြစ် ပေါ်ကာ ဧရာဝတီမြစ်အခြေအနေမှာ ထိန်းသိမ်း မှုများပြုလုပ် သင့်ပြီး ထိန်း သိမ်းမှုမပြုလုပ်ပါ က မြစ်ကောသွားနိုင် ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။
ဧရာဝတီမြစ်ကြောင်းတစ်လျှောက် သောင်ထွန်းလာမှုမှာ တစ်နှစ်ထက် တစ်နှစ် တိုးလာမှုများအပြင် သောင်ထွန်း မှုများကို ထိန်းသိမ်းဆောင်ရွက်နိုင်ခြင်း မရှိလျှင် ရေရှည်တွင် ဧရာဝတီမြစ်ကြီး ပျောက်ကွယ်သွားနိုင်ကြောင်း၊ မြို့နယ် အလိုက် ကမ်းပါးထိန်းသိမ်းမှုများအပြင် မြစ်ထဲ၌ သောင်ပေါ်လာလျှင် တူးပေး သင့် လျှင်တူးပေးရန် လိုအပ်ကာ ဧရာဝတီမြစ် ကြီး ရေရှည်တည် တံ့ရန်အတွက် လုပ်သင့် သည်ဟု ယူဆကြောင်း နေပြည်တော် မိုးလေဝသနှင့်ဇလဗေဒဌာန ဦးစီးအရာရှိ ဦးမျိုးထွန်းဦးက ပြောကြားသည်။
ဧရာ ဝတီမြစ်ရေတိုင်းထွာမှု လုပ်ငန်းများကို မြစ်ကြီးနား၊ ညောင်ဦး၊ မကွေးနှင့်ပြည် တို့၌ တိုင်း ထွာရေးစခန်း များအဖြစ် မြစ်ရေအမြင့်၊ ထုထည်နှင့်ရေစီးနှု န်း၊ မြစ်အကျယ်၊ မြစ်ကြမ်းပြင်အနက်၊ ရေအပူချိန်၊ သဲနူန်းပို့ချမှုတို့ကို တိုင်းထွာ ခဲ့ပြီး ရရှိသော အချက်အလက် များကို မြစ်ကြောင်းနှင့် ဆိုင်သည့် ဌာနများ၊ သဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ် တားဆီးရေးလုပ်ငန်းများတွင် အသုံးပြု မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများကို Ayar-wady Integrated River Basin Management Project(AIRBM) က ပြုလုပ်သည့် လုပ်ငန်းများထဲမှ လုပ်ငန်းစုတစ်ခုဖြစ်ပြီး ချင်းတွင်းမြစ်တွင် လည်း မုံရွာ၊ ခ္တီးမြို့တို့၌ တိုင်းထွာမှုများ ပြုလုပ်ခဲ့သေးကြောင်း သိရသည်။
ကိုလွင်(ဆွာ)

No comments:

Post a Comment