Wednesday, February 22, 2017

ကွန်ကရစ်ပစ္စည်းများ အသုံးပြုမှုများပြားလာ၍ ကွန်ကရစ်လုပ်ငန်းရှင်များ အဆင်ပြေ



မင်းဘူး               ဖေဖော်ဝါရီ             ၂၂
မင်းဘူးခရိုင်အတွင်းရှိ ယခုနှစ်ခြောက်သွေ့ရာသီ အိမ်၊ ခြံများပြုပြင်ဆောက်လုပ်ရေးလုပ်ငန်း များတွင် ကွန်ကရစ်ပစ္စည်းများဖြစ်သည့် ကွန်ကရစ်တိုင်၊ ကွန်ကရစ်အုတ်၊ ကွန်ကရစ်ကျောက်စည်၊ ကျောက်ခွေများ ၀ယ်ယူအသုံးပြုမှု များပြား၍ ကွန်ကရစ်လုပ်ငန်းရှင်များ လုပ်ငန်းအဆင်ပြေကောင်းမွန် လျက်ရှိခဲ့ကြောင်း သိရသည်။

သစ်တောထွက်ပစ္စည်းများရှားပါးလာမှုတို့ကြောင့် ခြံစည်းရိုးတိုင်များကို ကွန်ကရစ်တိုင်များ အစားထိုး အသုံးပြုလာပြီး သံဆူးကြိုးများဖြင့်ကာရံသည့်အခါ သပ်ရပ်မှုရှိခြင်း၊ ရေရှည်ခိုင်ခံ့မှုရှိခြင်း၊ သစ်၊ ၀ါးဈေးနှုန်းများကြီးမြင့်လာမှုတို့ကြောင့် ကွန်ကရစ်တိုင်များ ၀ယ်ယူအသုံးပြုမှုပိုမိုများပြားလာခြင်း ဖြစ်ကြောင်း ကွန်ကရစ် လုပ်ငန်းရှင်များမှ ပြောပြသည်။
"ကွန်ကရစ်တိုင် သံချောင်းနှစ်ချောင်းပါ တစ်လုံးကျပ် ငါးထောင်၊ သံချောင်းသုံးချောင်းပါလျင် တစ်လုံးကျပ် ခြောက်ထောင်ဈေးရှိပါတယ်၊ ကွန်ကရစ်အုတ် (၁ပေ x ၆လက်မ) တစ်ချပ်လျှင် ကျပ် နှစ်ရာရပြီး ရိုးရိုးမြေအုတ်အရွယ်အစားတစ်ချပ်လျှင် ကျပ် ခြောက်ဆယ်၊ ကျောက်စည်အကြီးတစ်လုံး ကျပ် တစ်သောင်းလေးထောင်၊ အသေးတစ်လုံး ကျပ် ခုနှစ်ထောင့်ငါးရာ ၊ ကျောက်ခွေတစ်လုံးလျှင် ကျပ်ကိုးထောင်နဲ့ ရောင်းရပါတယ်၊ ယခုကာလမှာ ၀ယ်ယူသူများပြာလာမှုကြောင့် နေ့စားအလုပ်သမားများ ခေါ်ယူလုပ်ကိုင်ရပြီး နေ့စားခတစ်ဦးလျှင် ကျပ် ငါးထောင်ပေးရပါတယ်၊ ကွန်ကရစ်အုတ်ရိုက်သူကိုတော့ အုတ်တစ်ချပ်လျှင် ကျပ် နှစ်ဆယ်နှုန်းဖြင့် အုတ်ချပ်ရေအတိုင်းငွေရှင်းပေးရကြောင်း" ကွန်ကရစ် လုပ်ငန်းရှင် ဦးစိုးနိုင်က ပြောပြသည်။
မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment