မုံးထ ဖေဖော်ဝါရီ
၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊
မိုင်းဆတ်ခရိုင်၊ မုံးထမြို့စိုက်ပျိုးရေးဦးစီးဌာနက ကြီးမှူး၍ ဒေသခံပြည်သူများ ခေတ်မီစိုက်ပျိုးရေးနည်းစနစ်များ
ပိုမိုသိရှိကျွမ်းဝင်ပြီး စနစ်တကျစိုက်ပျိုးလာစေရန်နှင့် စီးပွားရေးတွက်ခြေကိုက် သည့်
ဈေးကွက်ဝင်သီးနှံများစိုက်ပျိုးခြင်းဖြင့် ၀င်ငွေတိုးတက်ရရှိလာပြီး လူမှုစီးပွားဘ၀မြင့်မားတိုးတက်လာစေရန်
ရည်ရွယ်၍ စိုက်ပျိုးရေးအထောက်အကူပြုတောင်သူများအားဂုဏ်ပြုခြင်းနှင့် အသိပညာပေးဟောပြောပွဲကို
ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၉ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ
မြို့အုပ်ချုပ်ရေးမှူး ဦးသက်ဦးမောင်က အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန၊
လက်ထောက်ဦးစီးမှူး ဦးစည်သူအောင်နှင့် ဦးအောင်စိုးနိုင်တို့က စပါး၊ မြေပဲ၊ ပဲပုတ်၊
ပဲစဉ်းငုံနှင့် ပဲတီစိမ်းတို့ကို မိရိုးဖလာစိုက်ပျိုးနည်းမှသည် နည်းစနစ်တကျစိုက်ပျိုးနိုင်ရေး
အသိပညာပေးဟောပြောသည်။
ထို့နောက်
စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည့်
အထောက်အကူပြုတောင်သူများအား ဂုဏ်ပြုလက်ဆောင်များပေးအပ်ရာ ဂုဏ်ပြုခံတောင်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း
သိရသည်။
မုံးထ
(ပြန်/ဆက်)
No comments:
Post a Comment