Wednesday, February 22, 2017

ဈေးအတွင်း စားသုံးရန်မသင့်သော အစားအသောက်များ၊ သက်တမ်းလွန်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ဒီးမော့ဆို            ဖေဖော်ဝါရီ          ၂၂
စားသုံးသူပြည်သူများ ဘေးဥပဒ်အန္တရာယ်ကင်းသည့် အစားအသောက်များ စားသုံးနိုင်ရန်အတွက် နိုင်ငံတော်မှ တားမြစ်ထုတ်ပြန်ထားသည့် စားသုံးရန်မသင့်သော အစားအသောက်များ ဈေးကွက်အတွင်း ရောင်းချမှုမရှိစေရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေးအတွက် ခရိုင်အတွင်းရှိ ဈေးများ တစ်လတစ်ကြိမ် ကွင်းဆင်းစစ်ဆေးခြင်းကို ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၉ နာရီအချိန်က လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ် မြို့မဈေးအတွင်း သက်ဆိုင်ရာဌာနများ ပူးပေါင်းပါဝင်သောအဖွဲ့များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးရာတွင် ဈေးအတွင်း စားသုံးရန်မသင့်သော အစားအသောက်များ၊ သက်တမ်းလွန်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိကို ခရိုင်အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ အတွင်းရေးမှူး ခရိုင်စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြို့ရီနှင့် တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ ကျန်းမာရေးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများက စစ်ဆေးခဲ့ရာ သက်တမ်းလွန် စားသုံးဆီများ တွေ့ရှိရ၍ သိမ်းဆည်းကာ နောင်တွင် ဆက်လက်ရောင်းချမှုမရှိစေရေး ပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment