ပွင့်ဖြူ ဖေဖော်ဝါရီ ၂၂
မကွေးတိုင်းဒေသကြီး၊
မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် မုန်းချောင်းတံတား ချဉ်းကပ်လမ်းနှင့် ရှောက်တောကျေးရွာ
ရှောင်ကွင်းလမ်းဖောက်လုပ်ရာတွင် ပါဝင်သွားသည့် လယ်/ယာနှင့် ကိုင်းမြေများအတွက် သီးနှံလျော်ကြေးနှင့်
မြေယာ လျော်ကြေး ပေးအပ်ပွဲအခမ်းအနားအား ဖေဖော်ဝါရီလ (၂၁) ရက်နေ့ နေ့လယ် (၂) နာရီက ပွင့်ဖြူမြို့
အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ဗိုလ်ဥတ္တမခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ
မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေမှ အဖွင့်အမှာစကား
ပြောကြားပြီး၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်းမှ အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်လမ်းဦးစီးဌာန ဦးစီးအရာရှိ ဦးခင်မောင်ဌေးမှ မြေယာလျော်ကြေးငွေပေး
အပ်ရခြင်းအကြောင်း ရှင်းလင်းတင်ပြပြီး မြေယာလျော်ကြေး ပေးအပ်ရေးအဖွဲ့ ဥက္ကဋ္ဌထံ မြေယာလျော်ကြေးငွေများ
လွှဲပြောင်းပေးအပ်ခဲ့သည်။
ဆက်လက်၍ လယ်/ယာမြေလျော်ကြေးနှင့်
သီးနှံလျော်ကြေးများအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ မုန်းချောင်းတံတား
ချဉ်းကပ်လမ်းနှင့် ရှောင်ကွင်းလမ်း ဖောက်လုပ်ရာတွင် ပါဝင်သွားသည့် မြေယာလုပ်ကိုင်လျက်ရှိသည့်
တောင်သူများထံ လျော်ကြေးငွေများ ပေးအပ်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါမြေယာ လျော်ကြေးငွေပေးအပ်ပွဲတွင်
သာစည်ကျေးရွာ၊ မင်းရွာ၊ လက်ပနွယ်ကျေးရွာ၊ ရှောက်တောကျေးရွာများ ဒေသခံတောင်သူ (၄၀)ဦးအား
လျော်ကြေးငွေကျပ် (၅၂၃) သိန်း (၂) သောင်း (၇) ထောင်တိတိ ပေးလျော်ခဲ့ကြောင်း သိရှိရသည်။
သူရထွန်း(ပွင့်ဖြူ)
No comments:
Post a Comment