မန္တလေး၊ ဖေဖော်ဝါရီ ၂၂
အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် GIZ တို့ ပူးပေါင်းကျင်းပသော မြန်မာလုပ်သားထု ကျွမ်းကျင်မှု
ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသိပညာမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကို မန္တလေးမြို့၊
မဟာအောင်မြေမြို့နယ်ရှိ နဒီမြန်မာဟိုတယ်၌ ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး၊
အစိုးရအဖွဲ့၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်က အဖွင့်အမှာစကား
ပြောကြားသည်။ ထို့နောက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ
အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်မှ မြန်မာလုပ်သားထု ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ
အသိပညာမြှင့်တင်ရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ၄င်းနောက် အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊
ကျွမ်းကျင်မှုဖွံ့ဖြိုး တိုးတက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်ကျော်လွင်နှင့်
GIZ မှ ဦးကိုကိုနိုင် တို့က ဦးဆောင်၍ မြန်မာနိုင်ငံလုပ်သားကျွမ်းကျင်မှု ‘’စံ’’ သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့၏
မြန်မာလုပ်သားထု ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မှု အခြေအနေများအား
အုပ်စုဖွဲ့ရှင်းလင်းဆွေးနွေးသည်။ ယင်းနောက် အုပ်စုတစ်ခုခြင်းမှ ဆွေးနွေးချက်ရလဒ်များအား
ရှင်းလင်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်မှ
ဆွေးနွေးမှုရလဒ်များအပေါ် သုံးသပ်ပြောကြား ခဲ့သည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့
မန္တလေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီး၊
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊
GIZ မှ တာဝန်ရှိသူများ၊ NSSA မှ တာဝန်ရှိသူများ၊ အလုပ်ရှင်ကိုယ်စားလှယ်များ၊ အလုပ်သမားကိုယ်စားလှယ်များ၊
ပုဂ္ဂလိကသင်တန်းကျောင်းများမှ ကိုယ်စား လှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)
No comments:
Post a Comment