Wednesday, February 22, 2017

ဒုတိယ အကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ဆက်လက် ကျင်းပ


နေပြည်တော် ဖေဖော်ဝါရီ ၂၁
ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၁) ရက်မြောက် နေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အဦ ပြည်သူ့လွှတ် တော် အစည်းအဝေးခန်းမ၌ ဆက်လက် ကျင်းပသည်။

အစည်းအဝေးတွင် မုဒုံမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးစောထွန်း၏ မုဒုံမြို့နယ် ကော့ပရံကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) အား အခြေခံ ပညာ အထက်တန်းကျောင်းအဖြစ်သို့ အဆင့်တိုးမြှင့် ဆောင်ရွက်ပေး ရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးဝင်းမော်ထွန်းက ပညာရေးဝန်ကြီး ဌာနအနေဖြင့် ၂၀၁၆-၂၀၁၇ ပညာ သင်နှစ်တွင် သတ်မှတ်မူဘောင် များ နှင့် ကိုက်ညီသော အခြေခံ ပညာကျောင်း (၉၃၇)ကျောင်း၊ မူဘောင်များအား ဖြေလျှော့ပေးခဲ့သော အခြေခံ ပညာကျောင်း (၂၃၇၅)ကျောင်း စုစုပေါင်း အခြေခံပညာ ကျောင်း (၃၃၁၂)ကျောင်း ကို အဆင့်တိုးမြှင့်ပေး ခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါ အဆင့် တိုးမြှင့်ပေးမှုတွင် မုဒုံမြို့နယ်မှ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) (၂) ကျောင်း နှင့် အခြေခံ ပညာအထက်တန်းကျောင်း (ခွဲ) (၁)ကျောင်း၊ စုစုပေါင်း အခြေခံ ပညာကျောင်း (၃) ကျောင်းတို့ ပါဝင်ခဲ့ပြီးဖြစ်ပါကြောင်း။
အခြေခံပညာအထက်တန်းကျောင်း (ခွဲ)မှ အခြေခံပညာအထက်တန်းကျောင်း (Sanction) အဖြစ် ရရှိ အဆင့်တိုးမြှင့်ပေးရန် " သတ်မှတ်ချက်မူ" မှာ ထက်ဆင့် သင် ကျောင်းသား၊ ကျောင်းသူ (၂၀၀) ရှိရန်ဖြစ်ပြီး မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကော့ပရံ ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)၏ အထက် တန်းကျောင်း (ခွဲ) သက်တမ်း မှာ (၇)နှစ်ရှိပြီး စုစုပေါင်းထက်ဆင့် သင်ကျောင်းသား၊ ကျောင်းသူ(၁၉၂)ဦး ရှိပါကြောင်း၊ အခြေခံပညာ အထက် တန်းကျောင်း (ခွဲ) ဖြစ်သည့်အတွက် အထက်တန်း ပညာကို သင်ယူခွင့် ရရှိ သည့် အခြေအနေတွင် ရှိနေပါကြောင်း။
မွန်ပြည်နယ်အခြေခံပညာအထက်တန်းကျောင်း (ခွဲ)တွင် အထက် တန်းဆင့် သင် ကျောင်းသား၊ ကျောင်းသူ (၁၉၂) ဦးသာရှိသေးသည့်အတွက် ပူးတွဲ ဖော်ပြ ပါ သတ်မှတ်ချက် မူများနှင့် ကိုက်ညီမှုရှိရန် လိုအပ်နေသေးသော် လည်း ကျောင်း အဆင့်တိုး ဆိုင်ရာ သတ်မှတ်ချက်မူများအား ဖြေလျှော့၍ အဆင့် တိုးမြှင့်ပေးနိုင်ပြီး ခွင့်ပြု ဘဏ္ဍာငွေအရ စိစစ်ဆောင်ရွက်ပေးသွား မည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
ကြို့ပင်ကောက်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဌေးမင်းသိန်း၏ ကြို့ပင်ကောက်မြို့နယ်၊ မြို့ပေါ်အထက်တန်းကျောင်း(၃)ကျောင်းအနက် ၀ိဇ္ဇာ ဘာသာ တွဲ သင်ကြားပေးနိုင်မည့် အထက်တန်းကျောင်းကို လာမည့် ၂၀၁၇-၂၀၁၈ ပညာသင် နှစ်မှစ၍ စီမံဆောင်ရွက်ပေးနိုင်ပါရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်းက ပဲခူး တိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်တွင် အခြေခံပညာ အထက် တန်းကျောင်း (၄)ကျောင်း၊ အခြေခံပညာအထက်တန်း ကျောင်း (ခွဲ) (၆)ကျောင်း ရှိပါကြောင်း၊ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်၌ တက္ကသိုလ်ဝင် တန်း ဘာသာတွဲ အတွဲ(၁) တွင်ကျောင်းသား၊ ကျောင်းသူဦးရေ (၆၁၁)ဦး၊ အတွဲ(၂)တွင် (၈၁) ဦး၊ အတွဲ(၇)တွင် (၅၃)ဦးရှိပြီး စုစုပေါင်းကျောင်း သား၊ ကျောင်းသူ (၇၅၄)ဦး ရှိပါကြောင်း၊ ကြို့ပင်ကောက် မြို့နယ်အတွင်းရှိ အခြေခံပညာ အထက် တန်း ကျောင်း (၄)ကျောင်းနှင့် အခြေခံပညာ အထက်တန်းကျောင်းခွဲ (၆)ကျောင်းတို့ တွင် ဘာသာတွဲ (၂)၀ိဇ္ဇာတွဲ သင်ယူသူကျောင်း သား၊ ကျောင်းသူများ မှာ ကြို့ပင်ကောက် အခြေခံ ပညာအထက်တန်းကျောင်း တွင်(၂)ဦး၊ ရွှေပန်းတောအခြေခံပညာ အထက်တန်း ကျောင်း တွင် (၄၉)ဦး၊ လယ်တီ အခြေခံ ပညာ အထက်တန်းကျောင်း တွင် (၃၀)စုစုပေါင်း ၀ိဇ္ဇာဘာသာတွဲ သင်(၈၁)ဦးရှိ သည်ကို တွေ့ရှိရပါကြောင်း၊ ပန်းတင် အခြေခံပညာ အထက်တန်းကျောင်းနှင့် ကျန်အခြေခံ ပညာ အထက် တန်းကျောင်း (ခွဲ) (၆)ကျောင်း တို့တွင် ဘာသာတွဲ (၂)၀ိဇ္ဇာတွဲ သင်ယူသူ မရှိသည်ကို စိစစ်တွေ့ရှိ ပါကြောင်း ၊ ဘာသာတွဲ(၂)၀ိဇ္ဇာတွဲ သင်သူကျောင်း သား၊ ကျောင်းသူများကို သင်ကြားပေး နိုင်သော ဆရာ၊ ဆရာမများမှာ ကြို့ပင်ကောက် အခြေခံ ပညာအထက်တန်းကျောင်းတွင် (၅)ဦး၊ ရွှေပန်းတော အခြေခံပညာအထက် တန်းကျောင်း တွင် (၆)ဦး၊ လယ်တီ အခြေခံပညာ အထက်တန်းကျောင်းတွင် (၇)ဦး အသီးသီးရှိပြီး သင်ကြားသင်ယူမှု လုပ်ငန်း များ ဆောင်ရွက်လျက်ရှိပါကြောင်း၊
ပညာရေးဝန်ကြီးအနေဖြင့် အဋ္ဌမတန်းစာမေးပွဲ အောင်မြင်ပြီး န၀မတန်းသို့ တက်ရောက် မည့် ကျောင်းသား၊ ကျောင်းသူများကို ဘာသာတွဲရွေးချယ်ရာ၌ မိမိတို့စိတ်ကြိုက်ရွေးချယ်နိုင်ခွင့်များ ပေးထားပြီးဖြစ်ပါ ကြောင်း၊ သို့ဖြစ်ပါ၍ ၀ိဇ္ဇာဘာသာတွဲကို သီးသန့်သင်ကြားမည့် အခြေခံပညာကျောင်း တည်ဆောက်ပေး ရန် အစီအစဉ်မရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။
အလားတူ ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်းသည် ရေဦးမဲဆန္ဒနယ်မှ ဒေါက်တာ ဦးမင်းသိန်းနှင့် ကျွန်းစုမဲဆန္ဒနယ်မှ ဒေါ်တင်တင်ရီတို့၏ ပညာရေး ဆိုင်ရာ မေးခွန်း များ ကို ပြန်လည်ရှင်းလင်း ဖြေကြားသည်။
ယင်းနောက် ဂန့်ဂေါမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင် တင်သွင်းသည့် ပြည်သူလူထုအား သက်ဆိုင်ရာဌာနများမှ ပညာပေး အစီအစဉ် များ အတွက် သီးသန့်ဘတ်ဂျက်ထည့်သွင်း လျာထား၍စနစ်တကျ ပညာပေး အစီအစဉ် များ ပြုလုပ်ရန် ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စား လှယ် (၅)ဦးက ၀ိုင်းဝန်းဆွေးနွေးကြသည်။
သိန္နီမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဦးခမ်းက မိမိတို့နိုင်ငံတွင် စီးပွားရေးလုပ်ငန်းရှင်ကြီးများအနေဖြင့် ပြည်သူလူထုထံ မိမိတို့ပေးပို့လိုသော သတင်းအချက်အလက်များကို ပေးပို့ရာတွင် အတိုင်းတာတစ်ခု အထိ အောင်မြင်နေ သည် ကို တွေ့ရပါကြောင်း၊ ထိုသို့စီးပွားရေး လုပ်ငန်း ရှင်ကြီးများအကြားတွင်လည်း သတင်းဖြန့်ချိရေးလုပ်နိုင်သူ များက ရှေ့ရောက် သွားပြီး မလုပ်နိုင်သူများက ကျန်ရစ် ခဲ့ရပါကြောင်း၊ နိုင်ငံဖွံ့ဖြိုး တိုးတက်စေရန် သက်ဆိုင်ရာ ၀န်ကြီးဌာနများက ပြည်သူ လူထုများထံသို့ ပညာပေးအစီအစဉ် များ ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊
ထိုသို့ သောပညာပေးအစီအစဉ်များတွင် ပေးပို့လိုသော သတင်းအချက် အလက်များကို ပေးပို့ ဆောင်ရွက် နိုင်ရန်အတွက် အခက်အခဲပေါင်းများစွာနှင့် ရင်ဆိုင်ကြုံတွေ့ နေရပါ ကြောင်း၊ ယင်းအချက်များ ကို ပြန်လည်ဆန်း စစ်ကြည့်ပါက ပြည်သူလူထုနှင့် အဓိက ဆွေးနွေးရာတွင် အောင်မြင်လို သည့်အချက်များကို လုံလောက်သည့်ဘတ်ဂျက် ရှိရန် ပညာပေးတင်ဆက်မှု နည်းပညာ များဖြစ်ပါကြောင်း၊ တင်ဆက်မှု နည်းပညာများ တွင် သတင်းအချက် အလက်၊ ရှင်းလင်းတင်ပြပုံ၊ ပညာပေးခြင်း၊ စွဲဆောင်မှု၊ စည်းရုံးမှု၊ လူထု၏ တုံ့ပြန်မှု အပေါ် မူတည်နေပါကြောင်း၊ စနစ်တကျ ပညာပေး အစီအစဉ်များ ဖြစ် ရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်က ပြည့်ပြည့်၀၀ ပံ့ပိုး ကူညီ ဆောင်ရွက်ပေး သွား မည်ဆိုပါက ပြည်သူလူထုထံ ပညာပေး အစီအစဉ်များသည် ပိုမိုထိရောက်စွာ ရောက်ရှိ မည်ဖြစ်ကြောင်းနှင့် အဆိုကို လေးနက်စွာထောက်ခံ ပါကြောင်း ဆွေးနွေး ပြောကြား သည်။
ပုသိမ်ကြီးမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းဌေးလင်းက ပြည်သူ လူထုအခြေခံလိုအပ်ချက်ဖြစ်သည့် သောက်သုံးရေ၊ လျှပ်စစ်မီး၊ လမ်းတံတားစသည့် ကဏ္ဍများတွင် ဖြည့်ဆည်းပေးနိုင်ရန် တိုင်းပြည်၏ ဘဏ္ဍာငွေ မြောက်များစွာ ကျခံသုံးစွဲ နေရသကဲ့သို့ လိုအပ်နေသည့် နေရာများ၌ ထိရောက်စွာအကောင်အထည်ဖော်နိုင်ရန်၊ မလိုအပ်သည့်လေလွင့် ဆုံးရှုံးမှုများကို လွှတ်တော်တွင်သာမက အစိုးရကပါ စနစ်တကျ စိစစ်သုံးစွဲနေရသည့် ကာလလည်းဖြစ်ပါကြောင်း၊
ယနေ့မြန်မာနိုင်ငံ၏ကျေးလက်ဒေသ များအထိ လျင်မြန်စွာပျံ့နှံ့လာသည့် မူးယစ်ဆေးဝါးအန္တရာယ်ကို ထိရောက်စွာ ကာကွယ်နိုင်ရန်နှင့် မူးယစ်ဆေး ၀ါးရောင်း ၀ယ်ဖောက်ကားမှုများကို ထိရောက်စွာဖမ်း ဆီး အရေးယူပေးနိုင်ရန် အတွက် ပြည်သူလူထုကို ယခုထက်ပိုမိုပြီး ပညာပေး အစီအစဉ် များကိုတိုးချဲ့လုပ်ဆောင် ရန် လိုအပ်ပါကြောင်း၊ ယနေ့ခေတ် လူငယ် ထုကြား တွင် အသုံး ပြုမှုများလာသည့် လူမှုကွန်ရက်များမှတစ်ဆင့် ပညာပေးဆောင်း ပါးများ၊ ဇာတ်လမ်းများ ကို အဆက်မပြတ်တင်ပေး သင့်ပါကြောင်း၊
မူးယစ်ဆေးဝါးနှင့်ဆက်နွယ်ပြီး ပေါ်ပေါက် လာနိုင်သည့် ဆိုးကျိုးနှင့် ရာဇ၀တ်မှုများ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ပညာပေး ဟောပြောမှု အစီအစဉ်များကို လူငယ်အများစုရှိသည့် တက္ကသိုလ်နှင့် အခြေခံ ပညာ ကျောင်းများတွင် ၀န်ထမ်းအင်အား၊ ဘဏ္ဍာငွေများစွာအသုံးပြု၍ ယခုထက်ပိုပြီး ပညာ ပေး ဆောင်ရွက် သင့်သည်ဖြစ်ပါကြောင်း၊
မျိုးဆက်သစ်လူငယ်များကို မူးယစ်ဆေးဝါး၏ သားကောင်များ မဖြစ်စေ ရန်၊ နိုင်ငံ၏ လူသားအရင်းအမြစ်များ မဆုံးရှုံးစေရန် နိုင်ငံ တော် အစိုးရ အနေဖြင့် လုပ်သင့်လုပ်ထိုက်သည့်အရာများကို တိုးချဲ့လုပ်ဆောင်နိုင်ရန် အကြံပြုတင်ပြခြင်းဖြစ်ပါကြောင်း ဆွေးနွေးသည်။
အဆိုအပေါ် ပြင်ဦးလွင်မဲဆန္ဒနယ်မှ ဒေါက်တာဦးအောင်ခင်၊ ဥတ္တရသီရိ မဲဆန္ဒ နယ်မှ ဦးကျော်မင်းလှိုင်နှင့် ရှားတောမဲဆန္ဒနယ်မှ ဒေါ်ဝင့်ဝါထွန်းတို့ကလည်း ၀ိုင်းဝန်း ဆွေးနွေးကြသည်။
ယင်းနောက် အဆိုနှင့်စပ်လျဉ်းပြီး ပြန်ကြားရေး ၀န်ကြီးဌာန ဒေါက်တာဖေမြင့်က ၀န်ကြီးဌာနအသီးသီးသည် အများပြည်သူကိုအသိပညာပေးရန် လိုအပ်သည့် ကိစ္စများအတွက် ပညာပေးသည့်အစီအစဉ်များကို ချမှတ် ဆောင်ရွက်လျက် ရှိရာတွင် အသိ ပညာပေး အစီအစဉ် ဟူသည့် ခေါင်းစဉ်အောက်တွင် ဘတ်ဂျက်လျာထား ဆောင်ရွက် လျက် ရှိသကဲ့သို့ ပညာပေးဟူသည့် ခြုံငုံခေါင်းစဉ်မတပ်သော်လည်း ပညာပေးစရာ အကြောင်းအရာ တစ်ခုချင်းအလိုက် တစ်ခုချင်းစီအတွက် ရန်ပုံငွေလျာထား သုံးစွဲနေသည်လည်း ရှိပါကြောင်း၊ ယင်းအချက်နှင့် ပတ်သက်ပြီး မိမိတို့ ပြန်ကြားရေး ၀န်ကြီးဌာန၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ တင်ပြ လိုပါကြောင်း ၊ ပြန်ကြားရေး ၀န်ကြီးဌာနတွင် ပညာပေးဟူသည့် ခေါင်းစဉ်ဖြင့် ဘတ်ဂျက်လျာထားမှု မရှိပါကြောင်း ၊ သို့သော် ၀န်ကြီးဌာန၏ လုပ်ငန်းတာဝန် မှာ ပြန်ကြားပေးရန်(သို့ ) သတင်းအချက် အလက်ပေးရန် ၊ ပညာပေးရန် ၊ ဖျော်ဖြေပေးရန် ဟူ၍ ဖြစ်သည့်အားလျော်စွာ ဘတ်ဂျက်ခေါင်းစဉ်တွင် ပညာပေးဟု သီးသန့်မသတ်မှတ် ထားသော်လည်း ၀န်ကြီးဌာန၏ ဘတ်ဂျက် တစ်ခုလုံးထဲတွင် ပညာပေးအစီအစဉ်များ ပြုလုပ်ရေးသည် ပါဝင်ပြီး သကဲ့သို့ ဖြစ်နေ ပါကြောင်း၊
ဝန်ကြီးဌာန၏ ပညာပေးဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး ပညာပေးရေး လုပ်ငန်းအပေါ် အချိုးအစားချ၍ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဥပမာအားဖြင့် ရုပ်/ သံနှင့် ပတ်သက်သည့်အပိုင်းတွင် ပြန်ကြားပေးရေး ကို ၄၅ ရာခိုင်နှုန်း၊ ပညာပေးရေးကို ၂၅ ရာခိုင်နှုန်း၊ ဖျော်ဖြေပေးရေးကို ၃၀ ရာခိုင်နှုန်းဟု သတ်မှတ်ပြီး ဆောင်ရွက် ပါကြောင်း၊ ရေဒီယိုအစီအစဉ်များတွင်မူ ပြန်ကြားပေးရေး ကို ၄၀ ရာခိုင်နှုန်း ၊ ပညာပေးရေးကို ၃၀ ရာခိုင်နှုန်း၊ ဖျော်ဖြေပေးရေး ကို၃၀ ရာခိုင်နှုန်း ဟု အချိုးအစားချပြီး အစီအစဉ်များကို စီမံခန့်ခွဲ ဆောင်ရွက် လျက်ရှိပါ ကြောင်း ရှင်းလင်းဆွေးနွေးပြီး အဆိုကို မှတ်တမ်း အဖြစ်ထားရှိပေးနိုင်ပါရန် လွှတ်တော် ဥက္ကဋ္ဌ ထံ တင်ပြသည်။
လွှတ်တော်ဥက္ကဋ္ဌက အဆိုရှင်၏ သဘောထားကို တောင်းခံရာတွင် ၀န်ကြီး ဌာန၏ သဘောထားအတိုင်းဟု မှတ်ချက်ပြုသည့်အတွက် လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူရာ လွှတ်တော်၏ သဘောတူညီမှုဖြင့် အဆို ကို မှတ်တမ်းအဖြစ် ထားရှိကြောင်း ကြေညာသည်။
အောင်နိုင်၊ အေးအေးသန့် ၊ မီမီဖြိုး ( သတင်းစဉ်)

No comments:

Post a Comment