ကျောင်းကုန်း ဖေဖော်ဝါရီ
၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၌
စတုတ္ထတန်းနှင့် အဋ္ဌမတန်း နှစ်ဆုံးစာမေးပွဲများ
ကို ဖေဖော်ဝါရီ ၂၂ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီးဖြေဆိုခဲ့ကြရာ အ.ထ.က(၁) စာစစ်ဌာနတွင်
ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ စာဖြေခန်းသို့ ဝင်ရောက်ခဲ့ကြကြောင်း သိရသည်။
၂၀၁၆-၂၀၁၇ ပညာသင်နှစ် အတွက် အခြေခံပညာမူလတန်းဆင့်နှင့် အလယ်တန်းအဆင့်များဖြစ်ရာ စတုတ္ထတန်းကိုမူ
(၂၂.၂.၂၀၁၇) ရက်နေ့မှ (၂၇.၂.၂၀၁၇) ရက်နေ့အထိ၊ အဋ္ဌမတန်းကိုမူ (၂၂.၂.၂၀၁၇) ရက်နေ့မှ (၂၈.၂.၂၀၁၇)
ရက်နေ့အထိ ဖြေဆိုကြရမည် ဖြစ်သည်။
ထိုသို့ဖြေဆိုကြရာတွင် စတုတ္ထတန်းကို ခရိုင်စာစစ်မေးခွန်းနှင့်
အဌမတန်းကို တိုင်းစာစစ်မေးခွန်းများ ဖြေဆိုကြ ရမည်ဖြစ်ရာ တစ်မြို့နယ်လုံးတွင် စတုတ္ထတန်းကို
စာစစ်ဌာန (၄၁) ခုတွင် ကျောင်းသားကျောင်းသူ (၂၉၂၃)ဦး နှင့် အဋ္ဌမတန်းကို စာစစ်ဌာန(၁၈)ခုတွင်
ကျောင်းသားကျောင်းသူ (၂၁၀၀) ဦးဝင်ရောက် ဖြေဆိုခဲ့ကြ ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ
သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)
No comments:
Post a Comment