Tuesday, December 13, 2016

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ ကျင်းပလျက်ရှိသည့် ၂၀၁၆ ခုနှစ် ကမ္ဘာ့ အမျိုးသမီးများညီလာခံ (World Assembly for Women: (WAW)2016)သို့ ဗွီဒီယိုမှတစ်ဆင့် မိန့်ခွန်း ပြောကြား

နေပြည်တော် ဒီဇင်ဘာ ၁၃ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ ဒီဇင်ဘာ ၁၃ ရက်မှ ၁၄ ရက်အထိ ကျင်းပလျက်ရှိသည့် ၂၀၁၆ ခုနှစ် ကမ္ဘာ့ အမျိုးသမီးများ ညီလာခံ (World Assembly for Women: (WAW)2016)သို့ ဗွီဒီယိုမှ တစ်ဆင့်မိန့်ခွန်းတစ်ရပ်ပြောကြားခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ညီလာခံအား ကမ္ဘာတစ်ဝှမ်းရှိ လူမှုအဖွဲ့အစည်းများနှင့် အမျိုးသမီး များ၏ ပါဝင်မှုအခန်းကဏ္ဍမြှင့်တင်ရေး ကြိုးပမ်းမှုတစ်ရပ်အနေဖြင့် ဂျပန်နိုင်ငံဝန်ကြီး ချုပ် ရှင်ဇိုအာဘေးက ဦးဆောင်ကြီးမှူး၍ ကျင်းပခြင်းဖြစ်သည်။ ယင်းဗွီဒီယိုမိန့်ခွန်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကမ္ဘာတစ်ဝှမ်း၌ အမျိုး သမီးများ တိုးတက်မြှင့်တင်ရေးဆောင်ရွက်ရာတွင် ပညာရေးနှင့် အလုပ်အကိုင် ဆိုင်ရာ ကဏ္ဍများ၌ ရရှိခဲ့သော တိုးတက်မှုများကို အလေးထားပြောကြားခဲ့သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က တိုးတက်မှုများကို အသိအမှတ်ပြုသော်လည်း ကျော်လွှားရမည့် စိန်ခေါ်မှုများ၊ အထူးသဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု၊ အခကြေးငွေမရသော အလုပ်များ၊ ဆုံးဖြတ်ချက်ချသည့် အဆင့်တွင် အမျိုးသမီးကိုယ် စားပြုမှုနည်းပါးမှုနှင့် စီးပွားရေးအရင်းအမြစ်များ မျှတစွာ ရယူသုံးစွဲနိုင်ခြင်းမရှိမှုတို့ ကိုလည်း မီးမောင်းထိုး ပြောကြားခဲ့သည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ညီလာခံ သို့ တက်ရောက် ဆွေးနွေးခဲ့ကြသူများအား စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းကြရာတွင် လုပ်ရိုးလုပ်စဉ်နှင့် သမားရိုးကျအတွေးအခေါ်များကို ကျော်လွန်စဉ်းစားကြရန်နှင့် ဖန်တီး တီထွင်၍ အထောက်အထားကို အခြေခံသော ဖြေရှင်းနည်းများ ရှာဖွေကြရန် အားပေး တိုက်တွန်း ခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံ၌ ၀န်ကြီးချုပ် ရှင်ဇိုအာဘေးက လူမှုအသိုက်အ၀န်းအတွင်း အမျိုးသမီးများပါဝင်မှုမြှင့်ရန် "a society where women shine" ဟူသော အတွေးအခေါ်ကို မိတ်ဆက်တင်ပြခဲ့ပြီးနောက်ပိုင်း တွင် ဂျပန်နိုင်ငံအစိုးရသည် WAW ညီလာခံကို နှစ်စဉ်ကျင်းပကြောင်း သိရှိရသည်။ (သတင်းစဉ်)

No comments:

Post a Comment