နေပြည်တော် ဒီဇင်ဘာ ၁၃
မြန်မာ့သိုင်းသရုပ်ပြသပွဲကို ယနေ့ နံနက် ပိုင်းတွင် မင်္ဂလာဒုံတပ်နယ်ရှိ တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် စုပေါင်းတန်းစီကွင်းတွင် ကျင်းပရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အားပေးသည်။
သရုပ်ပြသပွဲတွင် သင်တန်းသား၊ သင်တန်းသူများက မြန်မာ့သိုင်းပညာ ကစားကွက်များအနက်မှ စုပေါင်းကစား ကွက် ခြောက်မျိုး၊ တစ်ကိုယ်တော် ကစားကွက် ငါးမျိုးနှင့် အတွဲလိုက်ပြကွက် သုံးမျိုးတို့ကို သရုပ်ပြသကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမှာစကားပြောကြားပြီး မြန်မာ့သိုင်း သရုပ်ပြသခဲ့ကြသည့် သင်တန်းသား၊ သင်တန်းသူများအား ချီးမြှင့်ငွေများ ပေးအပ်၍ မြန်မာ့သိုင်း အဖွဲ့ချုပ်မှ အဆင့်အလိုက် သတ်မှတ်ထား သည့် ခါးပတ်များနှင့် လေ့ကျင့်ရာတွင် အသုံးပြုသည့် သင်ကြားမှုအထောက် အကူပြုပစ္စည်းများ ခင်းကျင်းထားမှုကိုကြည့်ရှုသည်။
ယင်းနောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် အဖွဲ့သည် မင်္ဂလာဒုံ တပ်နယ်ရှိ တပ်မတော်အရိုးအထူးကု ဆေးရုံ၌ ဆေးရုံတက်ရောက်ကုသ လျက် ရှိသော ရှေ့တန်းစစ်ဆင်ရေးတာဝန် ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အရာရှိ၊ စစ်သည်များ၏ တစ်ဦးချင်းထိခိုက်ဒဏ်ရာရရှိမှုနှင့် ဆေးဝါးကုသမှု အခြေအနေများကို မေးမြန်းပြီး အားပေး စကားပြောကြား၍ စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
ထို့နောက် ဆေးရုံတက်ရောက်ကုသ လျက်ရှိသည့် အရာရှိ၊ စစ်သည်များ၏ မိသားစုများအား တွေ့ဆုံအား ပေးစကားပြောကြားသည်။
ယင်းနောက် တပ်မတော် ကိုယ်လက်အင်္ဂါ ပြန်လည်သန်စွမ်းရေး ဆေးရုံ၌ ခြေတုလက်တု တိုင်းတာရေး ဌာနတွင် တက်ရောက်ကုသလျက်ရှိ သည့်ရှေ့တန်းစစ်ဆင်ရေး တာဝန်ထမ်းဆောင် စဉ် ထိခိုက်ဒဏ်ရာရရှိသည့် အရာရှိ၊ စစ်သည်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြောကြား၍ စားသောက် ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ ယင်းနောက် ဆေးရုံအတွင်းရှိ ခြေတုလက်တု အလုပ်ရုံ အတွင်း လုပ်ငန်းဆောင်ရွက်မှု အခြေ အနေများအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် မင်္ဂလာဒုံတပ်နယ် တွင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းက တာဝန်ယူ တည်ဆောက် လျက်ရှိသည့် Vertical Wind Tunnel ဆောက်လုပ် ထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
Wednesday, December 14, 2016
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မြန်မာ့သိုင်းသရုပ်ပြသပွဲ တက်ရောက် အားပေး ခြေတုလက်တု အလုပ်ရုံ အတွင်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ကြည့်ရှု

Labels:
ပြည်တွင်းသတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment