Wednesday, December 7, 2016

နမ့်ခမ်းမြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းအား TNLA အကြမ်းဖက် သောင်းကျန်းသူများက နှောင့်ယှက်ပစ်ခတ်

နေပြည်တော်၊ ဒီဇင်ဘာ ၇
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းအား ယမန်နေ့ညပိုင်းက TNLA လက်နက်ကိုင် အဖွဲ့က နှောက်ယှက်ပစ်ခတ်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ထားသည်။

နမ့်ခမ်းမြို့နယ်အတွင်း တပ်မတော်စစ်ကြောင်း အခြေပြုသည့်နေရာအား ဒီဇင်ဘာ ၆ ရက် ည ၉ နာရီ ၁၅ မိနစ်ခန့်က TNLA လက်နက်ကိုင်အဖွဲ့ အင်အား ၁၅ ဦးခန့်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှောက်ယှက်ပစ်ခတ်သဖြင့် တပ်မတော်စစ်ကြောင်းများက ပြန်လည်ပစ်ခတ်တိုက်ခိုက်ရာ ၎င်းလက်နက်ကိုင်အဖွဲ့သည် အရှေ့ဘက်သို့ဆုတ်ခွာ သွားကြောင်းနှင့် တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းခြင်းများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရ သည်။

(သတင်းစဉ်)

No comments:

Post a Comment