နေပြည်တော် ဒီဇင်ဘာ ၇
မကွေးအထွေထွေရောဂါကုဆေးရုံကြီး
အဆင့်မြှင့်တင်ရေးစီမံချက် အကောင်အထည်ဖော်ရန်အတွက် ဂျပန်ယန်း (၂၂၈၁) သန်း အကူအညီပေးရေးဆိုင်ရာ
စာချွန်လွှာနှင့် စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုစီမံချက် အကောင်အထည်ဖော်ရန်
အတွက် ဂျပန်ယန်း သန်း (၁၀၀၀) တန်ဖိုးရှိ ခရီးသည်တင် ရေယာဉ်သစ်တစ်စီး အကူအညီပေးရေးဆိုင်ရာ
စာချွန်လွှာ များကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့်
ဂျပန်သံအမတ်ကြီး Mr. Tateshi Higuchi တို့ လက်မှတ်ရေးထိုး လဲလှယ်သည့်အခမ်းအနားကို ယနေ့
ညနေ ၄ နာရီတွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန၊ ရုံးအမှတ် (၁) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါစာချွန်လွှာကို
လက်မှတ်ရေးထိုး လဲလှယ်ခြင်းဖြင့် မြန်မာ-ဂျပန် နှစ်နိုင်ငံအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့်
ချစ်ကြည်ရင်းနှီးမှု တိုးတက်စေမည်ဖြစ်ပြီး စာချွန်လွှာများပါ စီမံချက်အရ မကွေးအထွေထွေရောဂါကု
ဆေးရုံကြီးကို အဆင့်မြှင့်တင်နိုင်မည်ဖြစ်ရာ ဒေသခံပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု
လုပ်ငန်များအတွက် များစွာအထောက် အကူရရှိနိုင်မည်ဖြစ်ပြီး ရခိုင်ကမ်းရိုးတန်းဒေသအတွက်
ရေယာဉ်သစ်တစ်စီး ထပ်မံထောက်ပံ့ လှူဒါန်းမည်ဖြစ်ရာ ရခိုင် ကမ်းရိုးတန်းဒေသ ရေကြောင်းသွားလာရေးအတွက်
ပိုမိုလုံခြုံချောမွေ့စေ၍ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးအတွက်
အထောက်အကူရရှိစေမည် ဖြစ်သည်။
အဆိုပါ စီမံချက်
(၂) ခုအတွက် ဂျပန်နိုင်ငံအစိုးရမှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရသို့ အကူအညီ
စုစုပေါင်း ဂျပန်ယန်း (၃၂၈၁) သန်း ပေးအပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment