Tuesday, December 6, 2016

TNLA လက်နက်ကိုင် အဖွဲ့က တပ်မတော် စစ်ကြောင်းအား အဝေးထိန်းမိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်

နေပြည်တော် ဒီဇင်ဘာ ၆
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်တွင် ယနေ့နံနက်ပိုင်းက တပ်မတော် စစ်ကြောင်းအား TNLA လက်နက်ကိုင်အဖွဲ့က အဝေးထိန်းမိုင်း ၃ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်သဖြင့် စစ်သည်တစ်ဦးကျဆုံးပြီး စစ်သည်အချို့နှင့် ဒေသခံတစ်ဦး မိုင်းစ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန် ထားသည်။

နမ့်ဆန်မြို့၏ အရှေ့တောင်ဘက် ၆ မိုင်ခန့်အကွာ၌ ယနေ့နံနက် ၇ နာရီခန့်က လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းအား TNLA လက်နက်ကိုင်အဖွဲ့ က အဝေးထိန်းမိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ စစ်သည်တစ်ဦးကျဆုံးပြီး စစ်သည်အချို့ဒဏ်ရာရရှိခဲ့သည့်အပြင် မိုင်းပေါက်ကွဲမှုဖြစ်စဉ်အနီးတွင်ရှိနေသော မန်မိုင်ကျေးရွာမှ ဦးအိုက်ဟန်မှာလည်း မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဒဏ်ရာရရှိ သူများအား နမ့်ဆန်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသလျက်ရှိကြောင်းနှင့် တပ်မတော်စစ်ကြောင်းများက အဆိုပါနေရာများအား နယ်မြေရှင်းလင်းလျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment