နေပြည်တော်
ဒီဇင်ဘာ ၆
ကချင်ပြည်နယ်၊
ဝိုင်းမော်မြို့နယ်အတွင်းရှိ တပ်မတော်စစ်ကြောင်းအခြေပြု နေရာများအား ယမန်နေ့ နံနက်ပိုင်းနှင့်
မွန်းလွဲပိုင်းက KIA လက်နက်ကိုင်အဖွဲ့က လက်နက်ကြီးများဖြင့် နှောင့်ယှက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း
တပ်မတော်ကာကွယ် ရေး ဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ထားသည်။
ဝိုင်းမော်မြို့နယ်အတွင်း
ယမန်နေ့ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းက တပ်မတော် စစ်ကြောင်းအခြေပြုနေရာများအား KIA
လက်နက်ကိုင်အဖွဲ့က ၎င်းတို့ ခြေကုပ်ယူထား သည့် ပွိုင့် ၁၁၀၃ စခန်းမှ လက်နက်ကြီးများဖြင့်
နှောင့်ယှက်ပစ်ခတ် တိုက်ခိုက် ခဲ့ကြောင်း၊ ၎င်းပစ်ခတ်ခဲ့သည့် ဗုံးသီးများအနက်
ပေါက်ကွဲမှုမရှိသည့် ဗုံးသီးများအား တပ်မတော်စစ်ကြောင်းမှ စစ်ဆေးရာ
တစ်ဖက်နိုင်ငံထုတ် ရှော့တိုက် ပစ်ခတ်ရသည့် ၁၀၇မီိလီမီတာ ဒုံးသီးများဖြစ်နိုင်ကြောင်းသိရသည်။
No comments:
Post a Comment