Tuesday, December 6, 2016

ကျေးရွာချင်းဆက်​​မြေသားလမ်း ​ဖောက်​လုပ်​​ပေး​နေမှု ​ဒေသခံများဝမ်းသာ

ရေဦး၊ ဒီဇင်​ဘာ ၆
စစ်​ကိုင်းတိုင်း​ဒေသကြီး ​ရေဦးမြို့နယ်​​ရှိ​ကျေးရွာများ အမြန်​ဖွံ့ဖြိုးတိုးတက်​ကာလူမှုစီးပွါး  တိုးတက်​လာ​စေရန်​ရည်​ရွယ်​၍ ​မြို့နယ်​​ကျေးလက်​​ဒေသ ဖွံ့ဖြိုးတိုးတက်​​ရေး ဦးစီးဌာနမှတာဝန်​ယူ​ ဖောက်​လုပ်​လျှက်​ရှိ​သော ရွာဗုကြီး -  စည်းမ - လှည်းသွင်း - မုံတိုင်​ပင်​ ​ကျေးရွာများသို့ဆက်​သွယ်​​ပေးမည့်​ ​ကျေးရွာချင်းဆက်​​မြေသားလမ်းအရှည်​ ၅မိုင်​၊ လမ်းအကျယ်​ ၁၈ ပေ ၊ ​ရေနုတ်​​မြောင်းအနက်​ ၂ ပေ ကို ၂၀၁၆-၂၀၁၇ ဘဏ္ဏာနှစ်​ဌာန ခွင့်​ပြု​ငွေ ၈၀ ဒသမ ၅သန်း ဖြင့်​မြို့နယ်​တာဝန်​ခံ ​ဒေါ်တင်​မာမြင့်​ နှင့်​ဝန်​ထမ်းများက အနီးကပ်​ကွင်းဆင်း ကြီးကြပ်​ဆောင်​ရွက်​​​နေကြောင်း သိရသည်​။

ကျေးလက်​လမ်း​ ဖောက်​လုပ်​​ပေး​နေမှုနှင့်​ပတ်​သက်​၍ "ကျွန်​​တော်​တို့​ကျေးရွာများသို့ ဆက်​သွယ်​ထားသည့်​ လမ်းရှိတယ်​ဆိုယုံပါပဲ၊ ရာသီမ​ရွေးအသုံးပြုလို့မရဘူး၊ သီးနှံ​ပေါ်ချိန်​မှာ ဆည်​​မြောင်းတာ​ဘောင်​ကိုပဲအားကိုးပြီး သွားကြရတယ်​။ မိုးရွာလျှင်​​တော့ကား၊ ​ထော်​လာဂျီ၊ လှည်းအသုံးပြုခွင့်​မ​ရဘူး၊ အဆိုပါ​ကျေးရွာဒေသခံ​တွေ အများစုက ​တောင်​သူလုပ်​ငန်းကို အဓိကထားလုပ်​ကိုင်​ကာ နှမ်း၊ ​မြေပဲ စပါး ကိုဘဝရပ်​တည်​နိုင်​​ရေးအ​လေးထားစိုက်​ကြတယ်​။ သီးနှံ​ပေါ်ချိန်​မှာဈေး​ကွက်​က ​ကောင်း​​နေသော်​လည်း လမ်းမ​ကောင်းလို့သယ်​ပို့ ရောင်းချနိုင်​ဖို့မလွယ်​ခဲ့ဘူး၊ အခု​လိုကျေးလက်​လမ်း​ ဖောက်​လုပ်​​ပေး​နေ​တော့ ရာသီမ​ရွေးသွားလို့ရပြီ ဖြစ်​သလို ​တောင်​သူများ မိမိတို့စိုက်​ပျိုးထားကြ​သော စပါးနှင့်​အခြားသီးနှံများ အချိန်​မ​ရွေးသယ်​ယူ​ရောင်းချကာ အကျိုး အမြတ်​များ ရရှိခံစားရ​တော့မည်​။ ​ကျေးရွာဖွံ့ဖြိုးတိုးတက်​ဖို့ ရာခိုင်​နှုန်းများလာပြီ။ အနီးပတ်​ဝန်းကျင်​​ကျေးရွာ အချို့ထိ လျှပ်​စစ်​မီးရရ​နေကြပြီ။ လမ်းလည်း​ကောင်း​တော့မယ်​ဆို​တော့ ​တစ်​ရွာမှတစ်​ရွာဆီသို့အလွယ်​တကူ ဝင်​ထွက်​သွားလာနိုင်​မည်​ဖြစ်​ရာ လာမည့်​အနာဂတ်​မှာ တို့​ကျေးရွာ​လေး ဖွံ့ဖြိုးတိုးတက်​လာ​တော့မည်​ကို​ကျေးရွာသူရွာသားများက ​တွေးရင်းဝမ်းပမ်းတသာရှိ​နေကြ​ကြောင်း၊ ​ကျေးလက်​​နေပြည်​သူများအ​ပေါ်​စေတနာ ထား​ဆောင်​ရွက်​​ပေးသည့်​ နိုင်​ငံ​တော်​အစိုးရနှင့်​ ဝန်​ကြီးဌာနတို့အ​ပေါ်လည်း ကျေးဇူးတင်​လျှက်​ရှိ​နေကြ​သည်​ " ဟု ရွာဗုကြီး​ကျေးရွာ​ဒေသခံပြည်​သူ ဦးစိုးကြီးက ပြောသည်​။

သန်းထိုက်​(​ရေဦး)

No comments:

Post a Comment