Tuesday, December 6, 2016

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်‌ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးနှင့် National Democratic Institute (NDI) အကြံပေးပုဂ္ဂိုလ်တို့အား သီးခြားစီလက်ခံတွေ့ဆုံ


နေပြည်တော် ဒီဇင်ဘာ 
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် အမေရိကန်သံအမတ်ကြီး မစ္စတာ စကော့မာစီရယ်လ်အား ယနေ့ မွန်းလွဲ ၁ နာရီတွင်လည်းကောင်း၊ National Democratic Institute (NDI) အကြံပေးပုဂ္ဂိုလ် Mr. Edmond Effendija နှင့် အဖွဲ့အား  ညနေ ၃ နာရီတွင်လည်းကောင်း နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့ လွှတ်တော် ဧည့်ခန်းမ၌ သီးခြားစီ လက်ခံတွေ့ဆုံသည်။
အမေရိကန်သံအမတ်ကြီးနှင့်‌တွေ့ဆုံစဉ် ဒီမိုကရေစီစံနှုန်းများ၊ နိုင်ငံသားများ၏ မူလအခွင့်‌အရေးများနှင့် မကိုက်ညီသည့် ဥပဒေများအား ရုပ်သိမ်းခြင်း၊ ပြင်ဆင်ခြင်း၊ အသစ်ရေးဆွဲပြဋ္ဌာန်းခြင်း ဆိုင်ရာကိစ္စရပ်များ၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာကိစ္စရပ်များ၊ လွတ်လပ်စွာပြောဆိုခွင့်/ ရေးသားခွင့်‌ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်းပြီး ဆွေးနွေးကြသည်။
National Democratic Institute (NDI) အကြံပေးပုဂ္ဂိုလ်နှင့် တွေ့ဆုံစဉ် NDI ၏ လွှတ်တော်လုပ်ငန်းစဉ်များ ခိုင်မာအားကောင်းလာစေရေး ဆိုင်ရာကိစ္စရပ်များနှင့်‌ ပတ်သက်၍  ဆွေးနွေးကြသည်။

No comments:

Post a Comment