Friday, December 9, 2016

ကွတ်ခိုင်- သိန်းနီ သွားကားလမ်း အနီး၌ အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် ဒေသန္တရ လက်လုပ်မိုင်း ၉ လုံးတွေ့ရှိ၊ တပ်မတော်သားများက ရှင်းလင်း



နေပြည်တော်၊ ဒီဇင်ဘာ ၈
ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ ကွတ်ခိုင်မြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်း ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ကွတ်ခိုင်-သိန်းနီးသွား ကားလမ်း၊ မိုင်တိုင်အမှတ် ၂၁၆/၃ နှင့် ၂၁၆/၄ ကြားရှိ ကွန်ကရစ်ရေပြွန်အတွင်း၌ အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် ဒေသန္တရလက်လုပ်မိုင်း ၉ လုံးအား တွေ့ရှိခဲ့သဖြင့် အများပြည်သူ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိစေရေး တပ်မတော်စစ်ကြောင်းမှ အထူးမိုင်းရှင်းလင်းရေးအဖွဲ့များဖြင့် သက်မဲ့ပြုလုပ် ရှင်းလင်းခဲ့သည်။


အဆိုပါနေရာနှင့် အနီးပတ်ဝန်းကျင်တစ်ဝိုက်အား တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment