Friday, December 9, 2016

နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်စဉ် နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်များ သိမ်းဆည်းရမိ



နေပြည်တော် ဒီဇင်ဘာ ၈
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့ နမ့်ကွတ်ကျေးရွာအနီး နယ်မြေ လုံခြုံရေး ဆောင်ရွက် နေသော တပ်မတော်စစ်ကြောင်းအား ဒီဇင်ဘာ ၅ ရက် ည ၉ နာရီ ခန့်က  KIA/TNLA လက်နက်ကိုင် ပူးပေါင်းအဖွဲ့ အင်အား ၃၀ ခန့်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်မှ အရာရှိ၊ စစ်သည်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တပ်မတော်စစ်ကြောင်းက ပြန်လည် ပစ်ခတ်တိုက်ခိုက်ရာ လက်နက်ကိုင်ပူးပေါင်းအဖွဲ့များ တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွား ခဲ့သည်။

အဆိုပါနေရာတစ်ဝိုက်အား တပ်မတော်စစ်ကြောင်းများက ယနေ့နံနက်ပိုင်းတွင် အသေးစိတ်ရှင်းလင်းရာ လက်နက်ကိုင်အဖွဲ့များ နေထိုင်ခဲ့သည့် သစ်ရွက်တဲခုနစ်လုံး၊ မှတ်ပုံတင်နှစ်ခုနှင့် နယ်စပ် ၀င်ထွက် သွားလာခွင့် လက်မှတ်နှစ်ခုတို့အား သိမ်းဆည်းရမိ ခဲ့ပြီး အထောက်အထားများအရ ၎င်းတို့သည် ကာမိုင်းနှင့် တနိုင်းဘက်မှ KIA လက်နက်ကိုင်အဖွဲ့ဝင်များဖြစ်ကြောင်းနှင့် နယ်စပ် ၀င်ထွက် သွားလာခွင့်ကတ်များကို ကိုင်ဆောင်၍ နယ်စပ်ဖြတ်ကျော်သွားလာပြီး တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ထားသည်။
(သတင်းစဉ်)

No comments:

Post a Comment