Wednesday, December 14, 2016

မီးဘေးကြိုတင်ကာကွယ်ရေး ပညာပေးဟောပြော

ဝန်းသို ဒီဇင်ဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာ ၁၄ ရက်က ကျင်းပခဲ့ပြီး မီးငြိမ်းသတ်မှု သရုပ်ပြလေ့ကျင်ခြင်းများကို ပညာရေးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးကျော်မျိုးသူက မီးဘေးကြိုတင် ကာကွယ်ရေးဆိုင်ရာ များနှင့် မီးလောင်မှုဖြစ်ပွားပါက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ကဟောပြောခဲ့ပြီး မီးသတ်ဦးစီးဌာနမှ တပ်ဖွဲဝင်များက ကျာင်းသား ကျောင်းသူများအား မီးငြှိမ်းသတ်နည်းများကို လက်တွေ့သရုပ်ပြ သင်ကြားပြသ ပေးခဲ့ကြောင်း သိရသည်။

လှိုင်မျိုးထွန်း (ဝန်းသို)

No comments:

Post a Comment