Wednesday, December 14, 2016

ကွန်ပျူတာသင်တန်း(၁၄/၂ဝ၁၆) လွိုင်ကော်မြို့နယ်၊ ချိကယ်ကျေးရွာအုပ်စု ဒေါဆော်ဘီးကျေးရွာ၌ ဖွင့်


လွိုင်ကော်        ဒီဇင်ဘာ  ၁၄
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ လွိုင်ကော်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနက ကျေးရွာအရောက် အသက်မွေးဝမ်းကျောင်းပညာ ရရှိနိုင်စေရေး အတွက် ရည်ရွယ်၍ ဖွင့်လှစ်သော ကွန်ပျူတာသင်တန်း (၁၄/၂ဝ၁၆)ဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ (၁၄) ရက်နေ့၊ နံနက်(၉း၃၀)နုာရီအချိန်က လွိုင်ကော်မြို့နယ်၊ ချိကယ်ကျေးရွာအုပ်စု ဒေါဆော်ဘီးကျေးရွာ လူငယ်ရိပ်သာ၌ပြုလုပ်ရာ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မှ တာဝန်ရှိသူများ၊ ကျေးရွာနေရပ်မိရပ်ဖများ၊ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြသည်။

ဆက်လက်ပြီး  မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုလတ် က အဖွင့်အမှာစကားပြောကြားပြီး လွိုင်ကော်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိအိခင်ကသင်တန်း၌ သင်ကြား၊ သင်ယူမှုနှင့်စပ်လျဉ်း၍ စီစဉ်ဆောင်ရွက်ထားရှိမှုအား ရှင်းလင်းတင်ပြသည်။ ထို့နောက် ချိကယ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလူရယ် မှ  ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အဆိုပါသင်တန်းသို့ လွိုင်ကော်မြို့နယ်၊ ချိကယ်ကျေးရွာအုပ်စု၊ ဒေါဆော်ဘီးကျေးရွာ အတွင်းရှိ သင်တန်းသား၊ သင်တန်းသူ (၃၀)ဦး တက်ရောက်သင်ကြားမည်ဖြစ်ပြီး အခြေခံကွန်ပျူတာသင်တန်းကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ (၁၂) ရက်နေ့ မှ ဇန်န၀ါရီလ (၁၀)ရက်နေ့အထိ နည်းပြ(၃)ဦး၊ ကွန်ပျူတာအလုံး(၃ဝ)နှင့် ပံ့ပိုးကူညီကာ Microsoft office Word ၊ Microsoft office Excel နှင့် Adobe Photoshop စသည့်ဘာသာရပ်များကို နေ့စဉ်နံနက်(၉)နာရီမှ ညနေ(၄)နာရီအထိ (၁) လကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြို့နယ် ပြန်/ဆက်

No comments:

Post a Comment