Wednesday, December 7, 2016

ကျောက်ဖြူမြို့နယ်တွင် ကာကွယ်ဆေးငါးမျိုးစပ်နှင့် ပိုလီယိုကာကွယ်ဆေးထိုးနှံပေး

ကျောက်ဖြူ    ဒီဇင်ဘာ ၇ ရက်
ကျောက်ဖြူမြို့၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနကကြီးမှူး၍ အသက်(၂)လ၊ (၄)လ၊ (၆) လအရွယ် ကလေးငယ်များကို ကာကွယ်ဆေးငါးမျိုးစပ်၊ ပိုလီယိုကာကွယ်ဆေးနှင့်အတူ ပြင်းထန်အဆုတ်ရောင်ရောဂါပိုး ကာကွယ်ဆေး (ပီစီဗီ) အသားဆေးကို ကျောက်ဖြူမြို့၊ အနောက်အပိုင်းရပ်ကွက်မိခင်နှင့် ကလေးစောင့်ရှောက်ရေးခန်းမ၌ ဒီဇင်ဘာလ (၇) ရက်နေ့၊ မွန်းလွဲ(၃)နာရီအချိန်မှ စတင်ကာ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ၀န်ထမ်းများက လာရောက် ထိုးနှံပေးလျှက်ရှိသည်။

အဆိုပါ ကာကွယ်ဆေးသည် ရောဂါကူးစက်ဝင်ရောက်ရန် အန္တရာယ်ပိုရှိနိုင်သော အသက်လနုစဉ် ကာလတွင် ကာကွယ်ပေးမှု့ ဖြစ်ကြောင်း၊ ကာကွယ်ဆေး အမျိုးအစားများစွာကို တစ်ပြိုင်နက်ထဲထိုးပေး  လိုက်နိုင်သောကြာင့် မိဘ၊အုပ်ထိန်းသူသူများ အနေဖြင့် အခေါက်ခေါက်အခါခါ လာရောက်ရန် မလိုအပ်သောကြောင့် အချိန်ပိုမိုသက်သာခြင်း၊ တစ်ကြိမ်တည်း ကာကွယ်ဆေး သုံးချက်နှင့် အထက်တစ်ပြိုင်နက်တည်း  ထိုးပေးခြင်းကြောင့် နာကျင်မည်ဖြစ်သော်လည်း နောက်တစ်ခါလာပြီး နှစ်ခါနာရသည့် အတွေ့အကြုံကိုမခံစားရခြင်း၊ တစ်ကြိမ်တည်းတွင် ကာကွယ်ဆေးအမျိုးများစွာ ထိုးပေးခြင်းသည် အန္တရာယ်ကင်းရှင်းကြောင်း နှင့် ကလေးများကို မွေးပြီးပြီးချင်းမှ (၁) နှစ်ခွဲ အထိစုစုပေါင်း (၆) ကြိမ် လာရောက်ထိုးနှံ ရမည်ဖြစ်ကြောင်း၊ ပြင်းထန် အဆုတ်ရောင် ရောဂါပိုးကာကွယ်ဆေး (PCV) သည် ပြင်းထန်အဆုတ်ရောင်ပိုး အမျိုးပေါင်း (၉၀) ကျော်အနက် ပြင်းထန်းသော ရောဂါဖြစ်စေနိုင်သော ပိုးအများကိုကာကွယ်ပေးကြောင်း၊ ကျန်းမာရေးဌာနမှ လက်ကမ်းစာစောင်များဖြင့် အသိပေးပြောကြား ခဲ့ကြောင်း သိရှိရပါသည်။

ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment