ထီးလင်း ဒီဇင်ဘာ ၇
ဆော၊ လောင်းရှည်၊
ထီးလင်း၊ ကျောက်ထုမြို့နယ်များတွင် ယော ဒေသိယစကား သုတေသန လုပ်ငန်းများ ဆောင်ရွက်ရန်
မြန်မာနိုင်ငံ တိုင်းရင်းသားဘာသာစကား ဦးစီးဌာနမှ မြန်မာစာအဖွဲ့ အဖွဲ့ဝင် ဆရာကြီး ဒေါက်တာသိန်းနိုင်
ဦးဆောင်သည့် သုတေသနအဖွဲ့သည် ဒီဇင်ဘာ ၂ ရက်မှစတင်ကာ ယော ဒေသိယစကား သုတေသနလုပ်ငန်းများ
ဆောင်ရွက်လျှက်ရှိရာ ဒီဇင်ဘာ ၆ ရက်တွင် ထီးလင်းမြို့နယ်သို့ ရောက်ရှိကြသည်။
ထီးလင်းမြို့ အခြေခံပညာအထက်တန်းကျောင်း
အောင်သပြေခန်းမတွင် ဒီဇင်ဘာ ၆ ရက် နေ့လယ် ၁ နာရီက စာမေးပွဲ အောင်ချက်မြင့်မားရေး အပါအဝင်
စာပေရေးရာဟောပြောပွဲကျင်းပရာ အဆိုပါအဖွဲ့မှ မြန်မာစာ ပါမောက္ခ ဌာနမှူး (ငြိမ်း) ဒေါက်တာသိန်းနိုင်က
မြန်မာစာဖြေဆိုရမည့် မေးခွန်းပုံစံနှင့်ဖြေဆိုနည်းများ၊ မြန်မာနိုင်ငံ တိုင်းရင်းသားဘာသာစကား
ဦးစီးဌာန စာတည်းမှူးချုပ် ဦးမြင့်ဆွေက စာပေရေးသားနည်းများ၊ ဦးဝင်းမြင့် (ကိုယော-
ဘောဂဗေဒ) က ကျောင်းသားများ စာဖတ်ကြပါ ခေါင်းစဉ်များဖြင့် ဟောပြောကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်ဦးစီးဌာန၊
ဂန့်ဂေါမြို့။


No comments:
Post a Comment