Wednesday, December 7, 2016

စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင် ညွှန်းကိန်းများဆိုင်ရာ စာရင်းအင်းရရှိနိုင်မှု အခြေအနေ အစီရင်ခံစာနှင့်စပ်လျဉ်းသည့် နည်းပညာဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၇
ဗဟိုစာရင်းအင်းအဖွဲ့နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်တို့ ပူးပေါင်းကျင်းပသည့် မြန်မာနိုင်ငံအတွက် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ပန်းတိုင်ညွှန်းကိန်းများဆိုင်ရာ စာရင်းအင်းရရှိနိုင်မှု အခြေအနေအစီရင်ခံစာ (SDGs Indicators Baseline Report for Myanmar) ထုတ်ပြန်နိုင်ရေး နည်းပညာဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဗဟိုစာရင်းအင်းအဖွဲ့ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ဗဟိုစာရင်းအင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါ၀ါမောင်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မာအေးနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်မှ Programme Specialist, Ms. Hyeran Kim တို့က အမှာစကားပြောကြားကြသည်။
ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များအား အကဲဖြတ်သုံးသပ်ခြင်းနှင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းဆိုင်ရာ အကြောင်းအရာများ၊ မြန်မာနိုင်ငံ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင်များဆိုင်ရာ စာရင်းအင်း ညွှန်းကိန်း များ အခြေခံအစီရင်ခံစာ (မူကြမ်း) နှင့် စပ်လျဉ်းသည့်နည်းစနစ်များ၊ အစီရင်ခံစာ (မူကြမ်း) နှင့် ပတ်သက်သည့် တွေ့ရှိချက်များနှင့် ညွှန်းကိန်းများကို ဆွေးနွေးကြသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ၊ ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ် များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

(သတင်းစဉ်)

No comments:

Post a Comment