နေပြည်တော် ဒီဇင်ဘာ ၆
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရခိုင်
ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌ မစ္စတာ ကိုဖီအာနန် ဦးဆောင်သော အဖွဲ့အား ယနေ့နံနက်
၁၀ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ ဆောင်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မစ္စတာ
ကိုဖီအာနန်က ဒုတိယအကြိမ်မြန်မာနိုင်ငံခရီးစဉ်တွင်
ရခိုင် ပြည်နယ်သို့ သွားရောက်ခဲ့မှု အခြေအနေ၊ နိုင်ငံအကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေး
ခဲ့မှု အခြေအနေ၊ ကော်မရှင်အနေဖြင့် လူမှုရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ပြန်လည်
သင့်မြတ်ရေး၊ အသိုက်အ၀န်း အသီးသီးကြားတွင် ထိတွေ့ဆွေးနွေးနိုင်ရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ
ကိစ္စရပ်များနှင့် ပတ်သက်သည့် အဆိုပြုချက်များကို ရေရှည် ကာလအတွက် အဓိကထား အကြံပြုတင်ပြသွားမည်ဖြစ်ကြောင်း၊
တပ်မတော်အနေ ဖြင့်လည်း လူသားချင်းစာနာ ထောက်ထားသည့် အကူအညီပေးမှုကိစ္စရပ်များတွင် ကူညီဆောင်ရွက်စေလိုကြောင်း
ဆွေးနွေးပြောကြားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဒေသတွင်းနေထိုင်သူများ၏
လူမှုစီးပွား ဘ၀ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန် လိုအပ်သည်ကို သိရှိနားလည်ပြီး လိုအပ်သည်
များ ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ သို့သော်နိုင်ငံတော်မှ ထုတ်ပြန်ထား သည့်
စည်းမျဉ်းစည်းကမ်းများနှင့်အညီ နေထိုင်လုပ်ကိုင်ရန် လိုအပ်ကြောင်း၊ ယင်းသို့ နေထိုင်
လုပ်ကိုင်ခြင်းမရှိဘဲ မိမိဖာသာ ရပ်တည်ချက်ဖြင့် နေထိုင်၍ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ခြင်း၊
နိုင်ငံတော်၏ ဥပဒေစည်းမျဉ်းများကို ဆန့်ကျင် ခြင်းတို့မှာ မဖြစ်နိုင်ကြောင်း၊ မိမိတို့အနေဖြင့်
အမှန်အတိုင်းဖြစ်စေရန်၊ ဥပဒေနှင့် အညီဖြစ်စေရန် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
ပြောကြား၍ တပ်မတော် အနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးမည့် လုပ်ငန်းများနှင့် ပတ်သက်၍
ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းဆွေးနွေးကြသည်။
အလားတူ မွန်းလွဲ
၂ နာရီတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်း
နိုင်ငံသံအမတ်ကြီး H.E.Mr.Dr.Nikolay Listopadov အား လက်ခံတွေ့ဆုံပြီး မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ကာလကြာရှည်စွာ ချစ်ကြည်ရင်းနှီးမှုရှိခဲ့သည့်
ဆက်ဆံရေး သမိုင်းကြောင်းနှင့် ၁၉၈၉ ခုနှစ်မှစ၍ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှုများတွင်
ရုရှားနိုင်ငံမှ ကူညီလုပ်ဆောင်ပေးခဲ့မှု၊ တပ်မတော်
နှစ်ရပ်အကြား ဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်မှု ကောင်းမွန်ခိုင်မာခဲ့မှု၊ စစ်ဘက် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ပညာတော်သင်များ
တိုးမြှင့်စေလွှတ် ခြင်း အပါအ၀င် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်မည့် နယ်ပယ်အားလုံး၌
တိုးမြှင့် လုပ်ဆောင်သွားမည့် အခြေအနေများကို
ဆွေးနွေးခဲ့ကြသည်။


No comments:
Post a Comment