နေပြည်တော် ဒီဇင်ဘာ
၆
ပြည်ထောင်စုလွှတ်တော်၊
ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည်
နယ်သာလန်နိုင်ငံ သံအမတ် ကြီး H.E.Mr. WouterJurgens နှင့် စစ်သံမှူး Col’ Allard
Wagemaker တို့အား ယနေ့နံနက် ၁၀ နာရီတွင်လည်းကောင်း၊ အမေရိကန်နိုင်ငံသံအမတ်ကြီး မစ္စတာ
စကော့မာစီရယ်လ်အားအား နံနက် ၁၁ နာရီတွင်လည်းကောင်း၊ ဒိန်းမတ်နိုင်ငံ သံအမတ်ကြီး
H.E.Mr. Peter Lysholt Hansen အား ညနေ ၃ နာရီခွဲတွင် လည်းကောင်း နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ
ရေးရာဆောင်အမှတ် (I-11) ရှိ ဧည့်ခန်းမ၌ သီးခြားစီလက်ခံတွေ့ဆုံသည်။
တွေ့ဆုံပွဲများသို့ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်
အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အဖွဲ့ဝင် ဦးကိုကိုနိုင်
နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

No comments:
Post a Comment