ရမည်းသင်း
ဒီဇင်ဘာ (၆)
ရမည်းသင်းခရိုင်
ရဲတပ်ဖွဲ့မှူးရုံး
မှုခင်းအကူဌာနစိတ်မှ
ရဲအုပ်ဝင်းသမိန်နှင့်
ရဲအုပ်ကျော်မင်းသက်တို့
ဦးစီးအဖွဲ့သည် ယနေ့
နံနက်က
ရမည်းသင်းမြို့နယ်၏
အရှေ့ဘက်
ပေါင်းလောင်းဒေသ
ရွှေသတ္ထုတူးဖော်ရေးလုပ်ငန်းသွာသည့်
ကားလမ်းဘေးရှိ
မူးယစ်ဆေးဝါး
သတင်းအရ
သက်သေများနှင့်အတူ
ရဲဒင်၏
နေအိမ်တဲကို
ဝင်ရောက်ရှာဖွေရာ
ခွန်လှထူး
(
ခ ) ပြောင်ကြီး
၊ ခွန်သပြုံး၊
သန်းလှိုင်နှင့်
စိုးကြိုင်တို့အားတွေ့ရှိပြီး
စစ်ဆေးရာ
မူးယစ်ဆေးဝါ
(၁၄၈၀) ပြားနှင့် ဆေးပြားရှုရာတွင်
အသုံးပြုသော ဆက်စပ်ပစ္စည်းများကို
ရှာဖွေဖမ်းဆီး
ရမိခဲ့ကြောင်း
သိရသည်။
ဆက်လက်၍
ရဲဒင်၏အိပ်ခန်းအတွင်းရှာဖွေရာမှ
လက်လုပ်သေနတ်တစ်လက်ကို
တွေ့ရှိသိမ်းဆည်းပြီး
ရမည်းသင်း
မြို့မ စခန်းတွင်
မယ(ပ)၁၄/၂၀၁၆ ၊ မူးယစ်/စိတ်ပြောင်း
၁၅/၁၉ (က) /၂၀(က)/၂၁/၂၂(ခ)တို့ဖြင့်
အမှုဖွင့်
စစ်ဆေးလျှက်ရှိကြောင်း
သတင်းရရှိသည်။
ဇော်ဝင်းအောင်
(ခရိုင်
ပြန်/ဆက်)
No comments:
Post a Comment