မော်လမြိုင် ဒီဇင်ဘာ ၆
မွန်ပြည်နယ် ငါးလုပ်ငန်းအဖွဲ့ချုပ်
နှစ်ပတ်လည်အစည်းအဝေးနှင့် ၂၀၁၇-၂၀၂၀ ခုနှစ် သက်တမ်းအတွက် အလုပ်အမှု ဆောင်သစ် ရွေးချယ်တင်မြှောက်ပွဲကို
ဒီဇင်ဘာ ၅ ရက်နံနက် ၁၀ နာရီက မော်လမြိုင်မြို့၊ ဈေးကြိုရပ်၊ ကုန်စည်ဒိုင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့
စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးနှင့် မြန်မာ နိုင်ငံ
ငါးလုပ်ငန်းအဖွဲ့ချုပ်နာယက ဦးစိုးဝင်းတို့က အမှာစကားပြောကြားသည်။ ထို့နောက် ၂၀၁၄-၂၀၁၆
ခုနှစ် မွန်ပြည်နယ် ငါးလုပ်ငန်းအဖွဲ့ချုပ်၏ ငွေစာရင်းရှင်းတမ်းကို ဖတ်ကြားပြီး ၂၀၁၄-၂၀၁၆
ခုနှစ် အလုပ်အမှုဆောင်အဖွဲ့ နှုတ်ထွက်ကြောင်း ကြေငြာသည်။ ဆက်လက်၍ ၂၀၁၇-၂၀၂၀ ခုနှစ် သက်တမ်းကာလအတွက်
အလုပ်အမှုဆောင်သစ်ကို အများသဘောတူ ရွေးချယ်ကြရာ ဥက္ကဋ္ဌ ဦးမြင့်စိုး(သံဖြူဇရပ်)၊ အတွင်းရေးမှူး
ဦးအောင်ကျော်မိုး (မော်လမြိုင်)တို့ ပါဝင်သော အလုပ် အမှုဆောင် (၃၁) ဦးကို ရွေးချယ်တင်မြှောက်ကြသည်။
အဆိုပါအခမ်းအနားသို့
စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး၊ မြန်မာနိုင်ငံ ငါးလုပ်ငန်း
အဖွဲ့ချုပ် နာယက နှင့် အမှုဆောင်များ၊ မွန်ပြည်နယ် ငါးလုပ်ငန်းအဖွဲ့ချုပ် နာယက ပြည်နယ်
ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးသံချောင်းနှင့် ဝန်ထမ်း များ၊ မွန်ပြည်နယ်(၁၀)မြို့နယ်မှ
ငါးလုပ်ငန်းရှင်များနှင့် ရေလုပ်သားများတက်ရောက်ခဲ့ကြကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)
No comments:
Post a Comment