Tuesday, December 6, 2016

ကျေးလက်ရေပေးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

ဟင်္သာတ ဒီဇင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် ဓမ္ဘီကျေးရွာအုပ်စု၊ ကွမ်းခြံကုန်းကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးလက် ရေပေးဝေရေးလုပ်ငန်း စက်ရေတွင်း ၄ လက်မအကျယ်၊ အနက်ပေ ၆၀၀ တူးဖော်ခြင်းလုပ်ငန်းနှင့် ရေအရည်အသွေးစမ်းသပ် စစ်ဆေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ကျေးလက်ဦးစီးမှူးနှင့် တာဝန်ခံဝန်ထမ်းများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။


အဆိုပါ လုပ်ငန်းများကို ဂုဏ်ကြီးရှင်ကုမ္ပဏီက တာဝန်ယူလုပ်ဆောင်ခြင်းဖြစ်ပြီး ရေစက်ရုံနှင့် အမြင့်တင်ရေစင် ဆက်လက် ဆောက်လုပ်သွားမည်ဖြစ်ရာ လုပ်ငန်းများဆောင်ရွက်ပြီးစီးပါက ကွမ်းခြံကုန်းကျေးရွာရှိ အိမ်ထောင်(၅၃)စုမှ လူဦးရေ(၂၇၃)ဦးတို့၏ ရေလိုအပ်ချက်ပမာဏကို လုံလောက်စွာဖြည့်ဆည်းပေးနိုင်မည့်အပြင် ကျန်းမာရေးနှင့် ကိုက်ညီသည့် အာဆင်းနစ်ဓာတ်လွတ်ကင်း သော ရေကောင်းရေသန့်များကို ကျေးရွာနေပြည်သူများ သုံးစွဲနိုင်မည်ဖြစ်ကြောင်း ဟင်္သာတမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန့်ဇော်လွင်ထံမှ သိရသည်။

ခရိုင်ပြန်/ဆက်(ဟင်္သာတ)

No comments:

Post a Comment