နေပြည်တော် ဒီဇင်ဘာ ၇
မလေးရှားနိုင်ငံဝန်ကြီးချုပ်နာဂျစ်ရာဇက်အနေဖြင့်
ဒီဇင်ဘာ ၄ ရက်က ကွာလာလမ်ပူမြို့၌ လူထုဆန္ဒပြပွဲတစ်ရပ်ကို ဦးဆောင်ကျင်းပခဲ့ပြီး အခြေအမြစ်မရှိသည့်သတင်းများအပေါ်
အခြေခံလျက် အာဆီယံမိသားစုဝင် နိုင်ငံတစ်နိုင်ငံ၏ အစိုးရတစ်ရပ်အပေါ် ပြင်းထန်စွာ စွပ်စွဲပြောကြားမှုများပြုလုပ်ခဲ့ခြင်းအတွက်
များစွာအံ့ဩစိတ်ပျက်မိကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်က
မြန်မာနိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံသံအမတ်ကြီး H.E. Mohd. Haniff Bin Abd Rahman
ကို ယမန်နေ့ မွန်းလွဲပိုင်းကဆင့်ခေါ်၍ ပြောကြားခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်
ချက်အရ သိရသည်။
လူမျိုးတုံးသတ်ဖြတ်မှု၊
လူမျိုးစုသုတ်သင်ရှင်းလင်းမှုစသည့် မဟုတ်မမှန်စွပ်စွဲချက်များကိုလည်း ကန့်ကွက်ခဲ့ပြီး
ယင်းကဲ့သို့ စွပ်စွဲချက်များသည် မြေပြင်ပေါ်ရှိ
ပကတိအခြေအနေများနှင့် လုံးဝကိုက်ညီမှုမရှိကြောင်းနှင့် ထိုသို့တာဝန်မဲ့ပြောကြားမှုက လူ့အသိုက်အဝန်းနှစ်ခုအကြား
ကွဲပြားမှုများကို ပိုမိုကြီးမားလာစေနိုင်ပြီး အစွန်းရောက်အကြမ်းဖက်ဝါဒကို နှိုးဆွပေးသည့်
အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာစေနိုင်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့်
အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ခင်မင်ရင်းနှီးသည့်ဆက်ဆံမှုများကို ဆက်လက်ထိန်းသိမ်းမြှင့်တင်
သွားလိုသည့် သဘောဆန္ဒကိုမလေးရှားသံအမတ်ကြီးအား ဒုတိယဝန်ကြီးက အသိပေးပြောကြားခဲ့ပြီး
မြန်မာနိုင်ငံအပေါ် အဖွဲ့အစည်းအချို့က ရည်ရွယ်ချက်ရှိရှိဖြင့် ထိုးနှက်ဆောင်ရွက်နေသည့်
မဟုတ်မမှန်သတင်းများဖြင့် ဝါဒဖြန့်မှုများကြောင့် နားလည်မှုလွဲမှားခြင်းမျိုးမဖြစ်ရန်
လိုအပ်ကြောင်းနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပဋိပက္ခအငြင်းပွားမှုများ ဖြစ်ပေါ်
လာပါက ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုကိုအလေးထား၍ ငြိမ်းချမ်းစွာညှိနှိုင်းဖြေရှင်းသည့်မူကို
စောင့်ထိန်းရန် အရေးကြီးကြောင်း ဒုတိယဝန်ကြီးက ပြောကြားခဲ့ကြောင်းလည်း သတင်းထုတ်ပြန်ချက်တွင်
ဖော်ပြထားသည်။
ကောင်းမွန်သည့်ဆက်ဆံရေး
ထို့ပြင် ဒုတိယဝန်ကြီးက ရခိုင်ဒေသအရေးကိစ္စအား ဖြေရှင်းနိုင်ရေးအတွက် ဒေါက်တာ ကိုဖီအာနန်ဦးဆောင်သည့်
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်နှင့် အမျိုးသားအဆင့် စုံစမ်းစစ်ဆေးရေးကော်မရှင်
တို့ကို ဖွဲ့စည်းဆောင်ရွက်နေမှုများအပါအဝင် မြန်မာနိုင်ငံအနေဖြင့် အားသွန်ခွန်စိုက်
ကြိုးပမ်းဆောင်ရွက်နေသည်များကို ရှင်းလင်းပြောကြားခဲ့ပြီး နိုင်ငံတကာအသိုက်အဝန်းအနေဖြင့်
ရခိုင်ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး၊ လူ့အသိုက် အဝန်းနှစ်ခုအကြား
ပိုမိုကောင်းမွန်သည့် ဆက်ဆံရေးကိုတည်ထောင်နိုင်ရေးတို့အတွက်
မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက် မှုများအပေါ် ကူညီပံ့ပိုးပေးရန်လိုအပ်ကြောင်း၊ အခြေအမြစ်မရှိသည့်
သတင်းအချက်အလက်များကို အခြေပြု၍ ပြဿနာ အတွက် ဖြေရှင်းရန် နည်းလမ်းရရှိရေးထက် ပြဿနာပိုမိုကြီးထွားမှုကို
ဖြစ်စေနိုင်သည့် ဝေဖန်ပြောကြားမှုများကို ရှောင်ရှား သင့်ကြောင်း။
ဆက်လက်ကြိုးပမ်း အစွန်းရောက်လှုပ်ရှားမှုများဖြစ်ပေါ်စေသည့်
ဆောင်ရွက်ချက်မှန်သမျှသည် အာဆီယံ၏စည်းလုံး ညီညွတ်မှုကိုသာမက ဒေသတွင်းအေးချမ်းတည်ငြိမ်ရေးကိုလည်း
ထိပါးနိုင်စေကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် အာဆီယံ ဒေသအတွင်း၌သာမကဒေသပြင်ပတွင်ပါ
ညီညွတ်ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆက်လက်ကြိုးပမ်း
ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း အသိပေးပြောကြားခဲ့ကြောင်း အဆိုပါသတင်းထုတ်ပြန်ချက်
အရ သိရှိရသည်။
(သတင်းစဉ်)
No comments:
Post a Comment