ဒီးမော့ဆို ဒီဇင်ဘာ ၆
ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင်
တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားရေး အတွက် ဒီဇင်ဘာ ၆ ရက် နံနက် ၉ နာရီအချိန်က
မြို့နယ်ခန်းမနှင့် အခြေခံပညာအထက်တန်းကျောင်း (ဒီးမော့ဆို)တွင် လွိုင်ကော်တက္ကသိုလ်မှ
ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများနှင့် ကထိကများက ဘာသာရပ်အလိုက် လာရောက်ဆွေးနွေးပို့ချခဲ့ကြောင်း
သိရသည်။
ဒီးမော့ဆိုမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲ
ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများ အောင်ချက်မြင့်မားရေးအတွက် လွိုင်ကော်တက္ကသိုလ်မှ
ဓာတုဗေဒဌာန ဒေါက်တာဥမ္မာတင်(ပါမောက္ခ)၊ ရူပဗေဒဌာန ဒေါက်တာသန်းသန်းမြင့်(ပါမောက္ခ)၊ ရုက္ခဗေဒဌာန
ဒေါက်တာဦးဟန်အေး(ပါမောက္ခ)၊ သတ္တဗေဒဌာန ဒေါက်တာစိုးစိုးထွေး(တွဲဖက်ပါမောက္ခ)၊ မြန်မာစာဌာန
ဒေါက်တာတင်စန္ဒာမိုးမင်းလတ် (တွဲဖက်ပါမောက္ခ)၊ သမိုင်းဌာန ဒေါက်တာစန်းစန်းတင့်(တွဲဖက်ပါမောက္ခ)၊
သင်္ချာဌာန ဒေါ်တိုးတိုးဦး (ကထိက)၊ ပထဝီဌာန ဦးကြည်တင်(ကထိက)နှင့်
အင်္ဂလိပ်စာဌာန ဒေါ်အိအိခိုင်(လ/ထ ကထိက) တို့က ဘာသာရပ်အလိုက် ဖြေဆိုရမည့် မေးခွန်းပုံစံများ၊
အဖြေများကို ဆွေးနွေးပို့ချခဲ့ကြောင်း သတင်းရရှိသည်။
မြို့နယ် ပြန်/ဆက်
No comments:
Post a Comment