ပြင်ဦးလွင် ဒီဇင်ဘာ ၇
ရာသီဥတုသာယာကောင်းမွန်ပြီး
မြန်မာနိုင်ငံ၏ အပန်းဖြေလည်ပတ်ရာမြို့တော်ဖြစ်သော ပြင်ဦးလွင်မြို့ရှိ အမျိုးသား ကန်တော်ကြီးဥယာဉ်အတွင်း
တစ်နှစ်ပတ်လုံးတွင် အထူးအပန်းဖြေဝန်ဆောင်မှုအနေဖြင့် (၁၁)ကြိမ် ပန်းပွဲတော်ကြီးအား စည်ကားအောင်မြင်စွာ
ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။
မကြားမီ
ရောက်ရှိကျင်းပတော့မည့် ပန်းပွဲတော်နှင့် ပါတ်သက်၍ အမျိုးသားကန်တော်ကြီး ဥယျာဉ်အတွင်း
လာရောက် လည်ပတ်နေသူတစ်ဦးကလည်း “ ကျွန်မတို့အဖွဲ့ကတော့ မန္တလေးကနေ စုပေါင်းလာရောက် အပန်း
ဖြေကြတာပါ၊ ပြင်ဦးလွင် က ရာသီဥတုသာယာပြီး
လည်ပတ်စရာနေရာတွေကလည်း ပေါတယ်လေ၊ ကန်းတော်ကြီး ကိုတော့ ခဏခဏရောက် ဖြစ်ပါတယ်၊
ဒီနေ့မှာတော့ ပန်းပွဲတော်ချိန်နီးလာတဲ့အတွက် ကြိုတင်ပြင်ဆင်မှု တွေကိုတွေ့ရပါတယ်၊ ပွဲတော်နေ့ကျရင်လည်း
ကလေးတွေပါခေါ်ပြီး မိသားစုလိုက်လာရောက် ဆင်နွဲကြမှာပါ၊ ပွဲတော်မှာ မြင်တွေ့ခံစားရမဲ့
အလှအပရှုခင်းတွေကို ကြိုတင်မြင်ရောင်ပြီး ရင်ခုန်ခံစားမိပါတယ်” ဟု ပြောပြသည်။
(၁၁)
ကြိမ်မြောက် ပန်းပွဲတော်ကြီးအောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုများနှင့်
ပါတ်သက်၍ အမျိုးသားကန်တော်ကြီး ဥယျာဉ် အမှုဆောင်ဒါရိုက်တာ ဦးဝေမျိုးအောင်က “ ဒီနှစ်
ပန်းပွဲတော်ကြီးကို ယခင်နှစ်က ပွဲတော်တွေထက် ကျော်လွန် အောင်မြင်စွာကျင်းပနိုင်ရေးအတွက်
ပန်းပျိုးပင် မျိုးစိတ်ပေါင်းစုံ (၃) သိန်းကျော် စိုက်ပျိုးခဲ့ပြီး ယခုအခါ ပန်းပင်ပေါင်း
(၁) သိန်း (၇) သောင်း (၃) ထောင်ကျော် စိုက်ပျိုးအောင်မြင် ထွန်းနေပြီ ဖြစ်ပါကြောင်း၊
နိုင်ငံခြားမျိုးပန်းအလှမျိုးစိတ်များနှင့် ဒေသတွင်း ပန်းအလှမျိုးစိတ်များအား ရွေးချယ်
စိုက်ပျိုး ခဲ့ပါကြောင်း၊ ပွဲတော်ချိန်တွင် လာရောက်အပန်းအဖြေသူများအနေဖြင့် အမျိုးသား
ကန်တော်ကြီး ဥယာဉ်၏ သာယာမှု ရောင်စုံပန်းများ၏ အလှအပများကို ကြည့်ရှုခံစားရင်း ပွဲတော်ချိန်ကာလအတွင်း
လာရောက် အပန်းဖြေကြရန်ဖိတ်ခေါ်ပါကြောင်းနှင့် လာရောက်သူများ၏ လုံးခြုံရေး၊ လွယ်ကူစွာ
သွားလာကြည့်ရှု အပန်းဖြေနိုင်ရေး အတွက်လည်း ကြိုတင်ပြင်ဆင်လျက်ရှိပါကြောင်း” ပြောပြခဲ့ပြီး
ယခုနှစ်၏ (၁၁) ကြိမ်မြောက် ပန်းပွဲတော်အား ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ (၁၅) ရက်နေ့မှစတင်ကာ
၂၀၁၇ ခုနှစ် ဇန်နဝါရီလ (၁၅) ရက်နေအထိ (၁) လတိုင်တိုင်စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
နေဝါ(မိုးကုတ်)

No comments:
Post a Comment