ညောင်လေးပင်
ဒီဇင်ဘာ
၆
ပဲခူးတိုင်းဒေသကြီး
ပဲခူးခရိုင် ညောင်လေးပင်မြို့နယ် မဒေါက်မြို့ မြို့မ(၂)ရပ်ကွက်ရှိ မြို့တွင်းလမ်းမကြီးအား
မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ပံ့ပိုးငွေနှင့် ပြည်သူများ၏ ထည့်ဝင်ငွေများဖြင့် ဒီဇင်ဘာ
၆ ရက်နေ့ နံနက် ၉ နာရီက ကွန်ကရစ်လမ်းခင်းလျက်ရှိကြောင်း သိရသည်။
အဆိုပါ
ကွန်ကရစ်လမ်းအား အကျယ် (၁၀)ပေ၊ အမြင့်(၈)လက်မ ခင်းမည်ဖြစ်ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏
၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ခွင့်ပြုပံ့ပိုးငွေဖြင့် လမ်းအရှည်ပေ (၇၀၀)၊ ပြည်သူထည့်ဝင်ငွေဖြင့်
လမ်းအရှည်ပေ(၅၀၀) စုစုပေါင်း လမ်းအရှည်ပေ (၁၂၀၀)ဆောင်ရွက်မည် ဖြစ်ကြောင်းသိရသည်။
အဆိုပါလမ်းကို
နိုဝင်ဘာ ၂၈ ရက်နေ့က စတင်ဆောင်ရွက်ခြင်း ဖြစ်ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့
အမှုဆောင်အရာရှိ ဦးထင်အောင်ဦး၊ အင်ဂျင်နီယာမှူး ဦးတင်အောင်ဌေး၊ လမ်းဖြစ်မြောက်ရေး
ကော်မတီဥက္ကဋ္ဌ ဦးမောင်ထိုက်နှင့် တာဝန်ရှိသူများ မှ ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိသည်။

No comments:
Post a Comment