တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်သည် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်သည့် မလေးရှားတပ်မတော်
ကာကွယ်ရေး ဦးစီးချုပ် General Tan Sri Dato' Sri (Dr.) Haji Zulkifeli Bin Mohd
Zain အား ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမ ဆောင်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် တပ်မတော်နှစ်ရပ် ပူးပေါင်းဆောင်ရွက်မှု
မြှင့်တင်နိုင်ရေး အတွက်အဆင့်အလိုက် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့များ စေလွှတ်ရေး၊ တပ်မတော်
(ကြည်း၊ရေ၊လေ) ကာကွယ်ရေးဆိုင်ရာပြပွဲများသို့ အပြန်အလှန်တက် ရောက်ရေး၊ သင်တန်းများ
တိုးမြှင့်စေလွှတ်ရေး၊ အကြမ်းဖက်မှု တားဆီးကာကွယ်ရေး အတွက် သတင်းဖလှယ်မှုကိစ္စရပ်များ ဆက်လက်လုပ်ဆောင်ရေး၊
ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် အရေးကိစ္စများ နှင့်ပတ်သက်၍ လုံခြုံရေး အဖွဲ့အစည်းများအနေဖြင့်
လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အင်အားသုံးဖိအားပေး တိုက်ခိုက်မှုမရှိသည့် အခြေအနေမှန်များနှင့်စပ်လျဉ်း၍
အမြင် ချင်းဖလှယ် ဆွေးနွေးကြ သည်။
တွေ့ဆုံပွဲသို့ မလေးရှား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ
မလေးရှား တပ်မတော် ဒုတိယထောက်လှမ်းရေးမှူးချုပ် Major General Dato' Mohd Sobri
Paridaluddin Bin Ismail၊ စစ်သံမှူး Colonel Mohd Yasin Bin Usop၊ နှင့် တာဝန်ရှိ သူတို့တက်ရောက်ကြသည်။
မလေးရှားတပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ယခုလပိုင်းအတွင်း
တာဝန်မှ အငြိမ်းစားယူမည်ဖြစ်ပြီး မလေးရှားနိုင်ငံ အမျိုးသား လုံခြုံရေးကောင်စီ ညွှန်ကြားရေး
မှူးချုပ်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။ (သတင်းစဉ်)
No comments:
Post a Comment