နေပြည်တော် ဒီဇင်ဘာ ၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ
ဦးထင်ကျော်သည် မလေးရှားတပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Tan Sri Dato’ Sri
(Dr.) Haji Zulkifeli bin Mohd Zain ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၀
နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံ ပြည်သူများအကြား
ချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံရေး ကဏ္ဍ တိုးမြှင့်ဖော်ဆောင်ရေး၊ နှစ်နိုင်ငံအကြား ရင်းနှီး
မြှုပ်နှံမှုနှင့် ကုန်သွယ်မှုကဏ္ဍ တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။
၎င်းအပြင် ရခိုင်ပြည်နယ် မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်မှု
ခံရပြီးနောက်ပိုင်း မြန်မာအစိုးရ၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ သတင်းမှားများ ပြန့်နှံ့နေမှု၊
ယင်းသို့ သတင်းမှားများ ပြန့်နှံ့မှုများကြောင့် အထင်အမြင်လွဲမှားမှုများ မြင့်တက်နေမှု၊
အစိုးရ သစ်လက်ထက် ကိုင်တွယ်ဖြေရှင်းရာတွင် တည်ဆဲဥပဒေများ၊ လူ့အခွင့်အရေးစံနှုန်းများနှင့်အညီ
ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်နှင့် စုံစမ်းစစ်ဆေး
ရေးကော်မရှင် ဖွဲ့စည်းဆောင်ရွက်နေသည့် အခြေအနေများကိုလည်း ဆွေးနွေးကြသည်။
ထိုသို့လက်ခံတွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး
စိန်ဝင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများ
တက်ရောက် ကြသည်။
No comments:
Post a Comment