နေပြည်တော် ဒီဇင်ဘာ ၈
ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ မုံးကိုးမြို့သို့ တပ်မတော် စစ်ကူ စစ်ကြောင်းများ
ရောက်ရှိပြီးနောက် မြို့လုံခြုံမှုနှင့် တည်ငြိမ် အေးချမ်းမှု ရှိစေရန်၊ အများပြည်သူများ
အေးချမ်းစွာ ပြန်လည် နေထိုင်နိုင်ရေး နယ်မြေ ရှင်းလင်းရေးများ ဆောင်ရွက်လျက် ရှိရာ
ဒီဇင်ဘာ ၇ ရက် ညပိုင်းတွင် မုံးကိုးမြို့ ရဲစခန်းအတွင်းမှ အမ် ၂၂ သေနတ် ၈ လက်၊ ၎င်းကျည်အိမ်
၁ ခု၊ ၆ လုံးပြူး ၄ လက်၊ ၎င်းကျည် ၂၀၀ တောင့်၊ အမ် ၂၃ ကျည်အိမ် အ၀ိုင်း ၉ ခုနှင့် ကျည်ခါးပါတ်
၁ တွဲတို့ကို တွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။
အလားတူ ယနေ့တွင်လည်း တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်း ရေးများ ဆက်လက်
ဆောင်ရွက်လျက် ရှိရာ မုံးကိုးမြို့ အတွင်းမှ ၆၀ မမ စိန်ပြောင်း ၁ လက်၊ ၎င်းလက်နက် နှစ်ချောင်းထောက်
အောက်ခံခုံပါ ၁ စုံနှင့် ချိန်ဆိုဒ် ၁ ခု၊ ၎င်းဗုံးသီး ၇ လုံး၊ ပစ္စတို ၂ လက်၊ ၎င်းကျည် ၃၇
တောင့်၊ အမ် ၂၂ -၂ လက်၊ ကာဘိုင် သေနတ် ၁ လက်၊ ရိုင်ဖယ် သေနတ် ၁ လက်၊ လုပ်သေနတ် ၁ လက်၊
အမ် ၂၂ ကျည်အိမ် ၉ ခု၊ အမ် ၂၂ ကျည် ၉၄၀ တောင့်၊ လက်ပစ်ဗုံး ၁၃ လုံး၊ အမ် ၁၆ ကျည် ၃၈၀
တောင့်၊ စနိုက်ပါ မှန်ပြောင်း ၁ ခုနှင့် လမ်းလျှောက် စကားပြောစက် ၃ လုံးတို့ကို တွေ့ရှိ
သိမ်းဆည်းရမိခဲ့သည်။
တပ်မတော် စစ်ကြောင်းများ
အနေဖြင့် မုံးကိုးမြို့ အတွင်းနှင့် အနီး ပတ်ဝန်းကျင် တစ်ဝိုက်အား နေ့ညမပြတ်
နယ်မြေ ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း တပ်မတော် ကာကွယ်ရေး
ဦးစီးချုပ်ရုံးမှ သတင်းရရှိသည်။
(သတင်းစဉ်)



No comments:
Post a Comment