လားရှိုး ဒီဇင်ဘာ ၆
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊
ကုသရေးဦးစီးဌာနနှင့် JICA ဂျပန်စုပေါင်းအေဂျင်စီတို့ ပူးပေါင်းဆောင်ရွက်သည့် လားရှိုးပြည်သူ့ဆေးရုံကြီး
အဆင့်မြင့်တင်ခြင်းစီမံကိန်း ပထမအဆင့်ပြင်ပလူနာဌာနနှင့် အထူးကု ပြင်ပလူနာဌာန၊ ဓါတ်ခွဲဌာန၊
သွေးလှူဘဏ်တို့ပါဝင်သော အဆောက်အဦနှင့်ဆေးရုံသုံးပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်း
အခမ်းအနားကို ဒီဇင်ဘာလ ၆ ရက်နေ့ နံနက် (၉) နာရီအချိန်ကလားရှိုးပြည်သူ့ဆေးရုံကြီး အဆောက်အဦရှေ့တွင်
ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က “
လားရှိုးပြည်သူ့ဆေးရုံသည် ယခင်က သာမန်စစ်ဆေးရုံတစ်ခုအဖြစ်
သမိုင်းဝင် ခဲ့ပြီး၊ ၁၉၄၆ ခုနှစ်တွင် ပြည်သူ့ဆေးရုံအဖြစ် တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်လာသော
ဆေးရုံဖြစ်သည့်အားလျော်စွာ ယခုအခါ ကုတင် (၅၀၀) ဆံ့ ပြည်သူ့ဆေးရုံအဖြစ် ဖွဲ့စည်းခွင့်ပြုခဲ့ပြီးဖြစ်ပါကြောင်း၊
၎င်းအပြင် သင်ကြားရေးဆေးရုံအဖြစ် အောင်မြင်စွာ ဆောင်ရွက်နိုင်ပြီဖြစ်ပါကြောင်း” ပြောကြားခဲ့ပါသည်။
ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊
အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း ကအမှာစကား ပြောကြားပြီးနောက် မြန်မာနိုင်ငံဆိုင်ရာ
ဂျပန်သံရုံးအတွင်းဝန် Mr; Hideaki MATSUO နှင့် JICA (မြန်မာ) ဌာနေကိုယ်စားလှယ်
Mr; Keiichiro NAKAZAWA တို့က ဆေးရုံကြီးဆောက်လုပ်ပေးခြင်း လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ဆေးရုံကြီးနှင့်ပတ်သက်သည့်
စာရွက်စာတမ်းများကို JICA (မြန်မာ) ဌာနေကိုယ်စားလှယ် Mr; Hideaki MATSUO က ကုသရေးဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်ဟန် ထံလွှဲပြောင်းပေးအပ်ကာ လားရှိုးမြို့ ကုတင် (၅၀၀)
ဆံ့ ပြည်သူ့ဆေးရုံ၊ ဆေးရုံအုပ်ကြီး ဒေါက်တာဒီပတ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။
ယင်းနောက် ဆေးရုံအဆောက်အဦသစ်အား
ရှမ်းပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
ဒေါက်တာမြင့်ဟန်၊ ဂျပန်သံရုံးအတွင်းဝန်၊ JICA (မြန်မာ) ဌာနေ ကိုယ်စားလှယ်နှင့် ဆေးရုံအုပ်ကြီး
ဒေါက်တာဒီပတ်တို့က ဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေးပြီးနောက် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
အဆိုပါအဆောက်အဦသည်
နှစ်ထပ်သံကူကွန်ကရစ် အဆောက်အဦဖြစ်ပြီး ၂၀၁၅ ခုနှစ် ဇွန် (၁) ရက်နေ့က စတင် ဆောက်လုပ်ခဲ့ပြီး၊
၂၀၁၆ ခုနှစ် စက်တင်ဘာလ (၃၀) ရက်နေ့တွင် လုပ်ငန်းပြီးစီးပြီး၊ ကုန်ကျစရိတ်ငွေ စုစုပေါင်းမှာ
(၈၅၂၉၅၂၀၀၀၀ိ/-) တိတိဖြစ်ပါသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်
အဖွဲ့ဝင်များသည် ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံး အဆောက်အဦနှင့် ၀န်ထမ်း အိမ်ယာဆောက်လုပ်မည့်နေရာ
ရှင်းလင်းဆောင်သို့ရောက်ရှိရာ လက်ရှိလုပ်ငန်း ဆောင်ရွက်နေသည့် အခြေအနေများကို ဒေါက်တာထွန်းသန်းဦးက
ရှင်းလင်းတင်ပြရာ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရန်
မှာကြား ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။
ပြည်နယ် ပြန်/ဆက်
No comments:
Post a Comment