လမိုင်း ဒီဇင်ဘာ
၆
မွန်ပြည်နယ်၊ လမိုင်းမြို့နယ် နှစ်ကရင်ကျေးရွာ၌ မိုးစပါး
စံကွက်ရိတ်သိမ်းပွဲကို ဒီဇင်ဘာ ၆ ရက်၊ နံနက်(၈)နာရီက တောင်သူ ဦးမြင့်ဆွေ မိုးစပါး
စံကွက် စိုက်ခင်း၌ ကျင်းပခဲ့သည်။
မိုးစပါး စံကွက်ရိတ်သိမ်းပွဲကို စိုက်ပျိုးရေးဦးစီးဌာနမှ
ဦးစီးမှူး ဦးအောင်စံသိန်းနှင့် ဝန်ထမ်းများ၊ မြေစာရင်းမှ ဝန်ထမ်းများ သည် နှစ်ကရင်ကျေးရွာ
တောင်သူဦးမြင့်ဆွေ ကွင်းအမှတ် (၁၀၃၁) ပေါ်ဆန်းရင် စပါးမျိုး(၆.၆ ပေx ၆.၆ ပေ) စံကွက်
ရိတ်သိမ်းရာတွင် တစ်ဧကအထွက်နှုန်း(၇၀)တင်း ထွက်ရှိကြောင်း သိရသည်။
အဆိုပါ စံကွက်ရိတ်သိမ်းရာတွင် သက်ဆိုင်ရာမှ တောင်သူပညာပေးခြင်းလုပ်ငန်း၊
မျိုးစပါးရွေးချယ်ခြင်း လုပ်ငန်း၊ အထွက် နှုန်း မိတ်ဆက်လက္ခဏာအရ လိုက်နာရမည့် အချက်များကို
ဆွေးနွေးခဲ့ကြောင်း သိရသည်။ လမိုင်းမြို့အနေဖြင့် မိုးစပါး ရာသီတွင် ပိုးမွှားရောဂါ
ကျရောက်မှု အနည်းငယ်ရှိသော်လည်း တောင်သူပညာပေး ဆွေးနွေးပေးခြင်းနှင့် ဝန်ထမ်းများ ကွင်းဆင်းနည်းပညာပေးမှုများကြောင့်
ကာကွယ်ထိန်းချုပ်နိုင်မှုမှာ ယခုနှစ်တွင် စပါးအထွက်နှုန်း ယခင်နှစ်ကထက် စပါး အထွက်နှုန်း
ကျဆင်းခြင်းမရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
No comments:
Post a Comment