စစ်တွေ ဒီဇင်ဘာ ၁၂
(၄၂)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်
စာစီစာကုံးနှင့်ကာတွန်းပြိုင်ပွဲကို ဒီဇင်ဘာလ(၁၂)ရက် နံနက်(၉)နာရီက စစ်တွေမြို့အ.ထ.က(၄)ကျောင်းတွင်
ကျင်းပပြုလုပ်ခဲ့သည်။
စာစီစာကုံးပြိုင်ပွဲတွင် အလယ်တန်း၊ အထက်တန်းနှင့်
တက္ကသိုလ်အဆင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကြရာ အလယ်တန်းအတွက် “သာစွဌာနေ
ရခိုင်မြေ” အထက်တန်းအတွက် “ပြည်ထောင်စုထဲက ရခိုင်” နှင့် တက္ကသိုလ် ကျောင်းသား/သူ များ
အတွက် “ယနေ့လူငယ်နှင့်အနာဂါတ်ရခိုင်ပြည်နယ်” ခေါင်းစဉ်များဖြင့် ယှဉ်ပြိုင်ကြကြောင်း
သိရသည်။ ကာတွန်းပြိုင်ပွဲကို အလွတ်တန်း မည်သူမဆို ပါဝင်နိုင်ပြီး “ပြည်နယ်တစ်ခွင်ပြည်သူအမြင်”
ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ကြသည်။
စာစီစာကုံးနှင့် ကာတွန်းပြိုင်ပွဲသို့
ကျောင်းသူ၊ကျောင်းသားများနှင့် ကာတွန်းဝါသနာရှင်များ (၆၉)ဦး ပါဝင်ယှဉ်ပြိုင်ကြကြောင်း
သိရသည်။
ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ရခိုင်ပြည်နယ်ရှိ
မြို့များတွင် ပြုလုပ်ကျင်းပကြမည် ဖြစ်သည့်အတွက် မိမိတို့ စစ်တွေတစ်မြို့တည်းက ကျောင်းသူ/သားများနှင့်
ကာတွန်းဝါသနာရှင်များကို ကြေငြာပြီးကျင်းပရခြင်းဖြစ်ကြောင်း၊ ကျောင်းသူ/သား များက ရခိုင်ပြည်နယ်၏
သာယာလှပသော သဘာဝအလှများကို လေ့လာရေးသားနိုင်စေရန်နှင့် စာပေလေ့လာဖတ်ရှုမှုများတွင် စိတ်ဝင်စားလာစေရန်
ရည်ရွယ်ပြီးကျင်းပရခြင်း ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ အဖွဲ့ဝင် စာရေးဆရာ
(ဂေါယာမြေစောဝင်း) ကပြောကြားသည်။
အဆိုပါပြိုင်ပွဲသို့ ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များ၊
စစ်တွေတက္ကသိုလ် ပါမောက္ခချုပ်နှင့်ဆရာ ၊ဆရာမများ လာရောက် ကြည့်ရှု့အားပေးခဲ့ကြကြောင်း
သတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)
No comments:
Post a Comment