Monday, December 12, 2016

လယ်ယာသုံးစက်ကိယာများ စွမ်းရည်သရုပ်ပြပွဲ ကျောင်းကုန်းမြို့တွင်ကျင်းပ


ကျောင်းကုန်  ဒီဇင်ဘာ  ၁၂
လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ အသွင်ကူးပြောင်းရေးတွင် တောင်သူလယ်သမားကြီးများ၏ လက်ဝယ် လယ်ယာသုံး စက်ကိရိယာများ ရှိနေရမည်ဖြစ်ရာ ဗဟိုသမဝါယမ အသင်းနှင့် ကိုရီးယား Daedong ကုမ္ပဏီထုတ် လယ်ယာသုံးစက်ကိရိယာများ စွမ်းရည်သရုပ်ပြပွဲကို ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အောင်မင်္ဂလာရိုးတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီး သမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာဦး မှ အဖွင့်အမှာ
စကား ပြောကြားပြီး၊ ဒေဒေါင်း ကုမ္ပဏီ စီမံခန့်ခွဲမှု ဒါရိုက်​တာ Mr.  JEUN.  SANG.   RYOUL မှ မြင်းကောင်ရေ အမျိုးမျိုးရှိကြောင်း၊ အသင်းသားလယ်သမား စက်ဝယ်လျှင် စက်၏တန်ဘိုး ၂၀% ကိုလက်ငင်းပေးသွင်းစေပြီး၊ အသင်းသား မဟုတ်သူများကို ၃၀% ကြိုတင်ပေးသွင်းစေကြောင်း၊ ကျန်ငွေကို ခြောက်လတစ်ကြိမ် သတ်မှတ်ထားသည့် အတိုးနှုန်းဖြင့် (၁၂)ရစ်  ခြောက်နှစ် ပေးသွင်းကြရမည်ဖြစ်ကြောင်း၊ စက်အမျိုးအစား အလိုက် PX 9030.  PX 7630.  RX. 6030 စသည်ဖြင့် ထွန်စက်အမျိုးအစား မြင်းကောင်ရေ ၂၈ မှ ၉၀ အထိ ရောင်းချပေးနေကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အောင်မင်္ဂလာရိုး စံပြလယ်ဧက (၁၀၀)စိုက်ကွင်းအတွင်း လယ်ယာသုံး စက်ကိရိယာများ စမ်းသပ် မောင်းနှင်ပြသခဲ့ပြီး၊တောင်သူများကိုယ်တိုင် စမ်းသပ်မောင်းနှင်ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)

No comments:

Post a Comment