Thursday, December 15, 2016

(၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

ရွှေဘို ၊ ဒီဇင်ဘာ ၁၅
(၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသက်(၂၅)နှစ်အောက် ရပ်ကွက်အလိုက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၊ ရန်ကြီးအောင် အားကစားကွင်းတွင် ကျင်းပပြုလုပ်ရာ မြို့ပေါ်ရပ်ကွက် အသင်း(၁၀)သင်း ပါဝင်ယှဉ်ပြိုင် ကစားမည်ဖြစ်ကြောင်း သိရသည်။

အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးမောင်ထူးက အဖွင့်အမှာစကား ပြောကြားပြီး မြို့ပေါ်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၃၀၀) က ဘင်ခရာ၊ ပန်းပွားအကများဖြင့် စည်ကားသိုက်မြိုက်စွာ တေးသရုပ်ဖော် ကပြ ဖျော်ဖြေကြသည်။

ဖွင့်ပွဲနေ့တွင် အမှတ်(၇) ရပ်ကွက်နှင့် အမှတ်(၉) ရပ်ကွက်တို့ ယှဉ်ပြိုင်ကစားကြရာ အမှတ်(၉) ရက်ကွက်က အမှတ်(၇) ရပ်ကွက်ကို (၅) ဂိုး၊ (၄)ဂိုးဖြင့် အနိုင်ရရှိသွားကြောင်း သိရသည်။

No comments:

Post a Comment