စစ်ကိုင်းတိုင်းဒေသကြီး၊
ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ပုလဲရတနာခန်းမ၌ ဒီဇင်ဘာ ၁၄ရက်၊ နံနက် ၈နာရီက ရပ်ကွက်/ ကျေးရွာ
အုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ စွမ်းရည်မြင့်မားရေး သင်တန်း အမှတ်စဉ်(၂/၂၀၁၆)
ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ယင်းမာပင်ခရိုင်အုပ်ချုပ်ရေးမှူး
ဦးအောင်ဇော်လတ်က "ရပ်ကွက်/ ကျေးရွာ အုပ်စု
အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးပိုင်း အခန်းကဏ္ဍမှာ အခြေခံအကျဆုံးအဆင့်မှာ ရှိနေတာဖြစ်တဲ့အတွက်
ပြည်သူတို့ရဲ့ လိုအင်ဆန္ဒများကို အနီးကပ် အကောင်အထည်ဖော် ဆောင်ရွက်နေကြသော အုပ်ချုပ်ရေးမှူးများနဲ့ စာရေးဝန်ထမ်းများရဲ့ လုပ်ငန်း
စွမ်းဆောင်ရည် ၊ အတွေးအခေါ်၊ စည်းရုံးရေး စွမ်းရည်နဲ့ စိတ်ဓာတ်ကောင်းမွန်မှုတို့ဟာ
အရေးပါတဲ့ ကဏ္ဍတစ်ရပ်လည်း ဖြစ်ပါတယ်။ ဒါကြောင့်
ပြည်သူလူထုရဲ့ အဓိက လိုအင်ဆန္ဒ
နှစ်ရပ်ဖြစ်တဲ့ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုး၊ လူမှုစီးပွားဘ၀ တိုးတက်ရေး တို့ကို ကိုယ်စွမ်း
ဥာဏ်စွမ်းရှိသမျှ ကြိုးပမ်းဆောင်ရွက်နိုင်စေရေးအတွက် သင်တန်းက ပို့ချမည့် ဘာသာရပ်
များကို စိတ်ပါဝင်စားစွာဖြင့် လေ့လာ သင်ယူကြပြီး လက်တွေ့
နယ်ပယ်များမှာ ပြည်သူလူထုက လေးစားယုံကြည်
အားကိုးအားထားပြုရတဲ့ ခေါင်းဆောင်များ ဖြစ်အောင် ဆောင်ရွက်ကြစေလိုပါတယ် " ဟု ပြောသည်။
ပုလဲမြို့နယ်အုပ်ချုပ်ရေးမှူး
ဦးတိုးတိုးဝင်းက "ယခု ဖွင့်လှစ်တဲ့
သင်တန်းမှာ မြို့နယ် ထွေ/အုပ်က ခေါင်းဆောင်မှုစွမ်းရည်နှင့် လူထုစည်းရုံးခြင်း
စွမ်းရည်အပါအ၀င် ဘာသာရပ် ၄မျိုး၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့က မှုခင်းကြိုတင် ကာကွယ် တားဆီးရေး၊ မြို့နယ်သစ်တောက သဘာဝ ပတ်ဝန်ကျင် ထိန်းသိမ်းရေး၊ မြို့နယ်ဥပဒေက
ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ၊ နည်းပဒေ၊ မြို့နယ်စိုက်ပျိုးရေးက ရာသီအလိုက်
သီးနှံ စိုက်ပျိုးမှုဆိုင်ရာ ကိစ္စရပ်များ
၊ မြို့နယ်လယ်စီအင်းက လယ်ယာမြေ အသုံးချခြင်းဆိုင်ရာ
ကိစ္စရပ်များ၊ မြို့နယ်ကျေးလက်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေး ကိစ္စရပ်များ၊ မြို့နယ်ဆည်မြောင်းက
ဆည်နှင့် တာတမံ ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ မြို့နယ် မီးသတ်က သဘာဝဘေးနှင့်
မီးဘေးအန္တရာယ်ကာကွယ် ထိန်းသိမ်းရေးဆိုင်ရာ
ကိစ္စရပ်များ၊ မြို့နယ် လျှပ်စစ်က လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးနှင့် ကျေးရွာ
မီးလင်းရေး ဆောင်ရွက်ရာတွင် လိုက်နာရမည့် စည်ကမ်းချက်များ၊ မြို့နယ်စီမံကိန်းက စီမံကိန်းအကောင်အထည်ဖော်
ဆောင်ရွက်နိုင်မှုဆိုင်ရာ ကိစ္စရပ်များ၊ မြို့နယ်မွေးကုက မွေးမြူရေးနှင့် ကုသရေးဆိုင်ရာ ကိစ္စရပ်များ၊ မြို့နယ်ပြန်/ဆက်က ကျေးရွာ
စာကြည့်တိုက်များ စံ(၅)ရပ် ကိုက်ညီစေရေးနှင့်
လူထုဟောပြောနည်း ဘာသာရပ်၊ မြို့နယ်စာရင်းရုံးက စာရင်းအင်းဆိုင်ရာ ကိစ္စရပ်များနှင့် မြို့နယ်ဖွံ့ဖြိုးဘဏ်က စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးခြင်းဆိုင်ရာ
လုပ်ငန်းတာဝန်များစသည့် ဘာသာရပ်များကို စာတွေ့ လက်တွေ့ ပို့ချဆွေးနွေးမှာ ဖြစ်ပါတယ်
" ဟု ပြောသည်။
အဆိုပါ သင်တန်းသို့ ပုလဲမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ( ၆၁
) ဦးနှင့် စာရေးဝန်ထမ်း( ၆၁ )ဦး စုစုပေါင်း ၁၂၂ ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ၃ ရက် ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)
No comments:
Post a Comment