Thursday, December 15, 2016

၂၀၁၆ ခုနှစ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးဖလား ရပ်ကွက်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ ကျင်းပ

ကျောက်ဆည်   ဒီဇင်ဘာ  ၁၄
 ၂၀၁၆ခုနှစ်၊ ဒီဇင်ဘာလ အားကစား မျိုးစုံ ကျင်းပရာမှ မြို့နယ်အုပ်ချုပ်ရေးမှူးဖလား ရပ်ကွက် ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ဒီဇင်ဘာလ (၁၄) ရက် ညနေ (၃) နာရီက ပြည်သူ့ အားကစားကွင်း တွင် ကျင်းပရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမင်းနောင်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ချိုတို့ တက်ရောက်ကြည့်ရှူ အားပေးခဲ့ကြသည်။

ကျောက်ဆည်မြို့တွင် ရပ်ကွက်ပေါင်းစုံ (၁၂) ရပ်ကွက်ရှိရာမှ ဘောလုံးပြိုင်ပွဲကျင်းပရာ ဒီဇင်ဘာလ (၁၄) ရက် နေ့ညနေ(၃)နာရီတွင် ကျင်းပရာ ဖောင်ရွာရပ်ကွက်နှင့် ကြက်မင်းတွန်ရပ်ကွက်တို့ ဗိုလ်လုပွဲ  ကို ယှဉ်ပြိုင် ကစားကြရာ ဖောင်ရွက်ရပ်ကွက်မှ (၂)ဂိုး၊ ကြက်မင်းတွန်ရပ်ကွက်မှ (၁)ဂိုး ရရှိကြရာ ခရိုင် အားကစားနှင့်ကာယ ပညာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိန်ဝမ်းနှင့်မြို့နယ်အား/ကာမှူး ဦးကြည်မိုးဝင်းနှင့် တာဝန်ရှိသူများမှ   ဆုများ အသီးသီး ချီးမြှင့်ကြရာ ပထမဆု၊ ဒုတိယဆု နောက်တန်း၊ အလယ်တန်း၊ ဂိုး၊ ပွဲစဉ်တစ်လျှောက်နှင့် ဂိုးသွင်းအများဆုံးဆု ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment