ဝါးခယ်မ ဒီဇင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းဦးနှင့် ဝန်ထမ်းများက မြစိမ်းရောင်ကျေးရွာ (ငါးကဏ္ဍ) လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မြဂိုးလေးကျေးရွာ၊ ဂရန်းကျေးရွာများမှ လုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး မြစိမ်းရောင်ကျေးရွာ (ငါးကဏ္ဍ) လုပ်ငန်းများ ဆောင်ရွက်နေမှု၊ စာရင်းများ ဆောင်ရွက်ထားရှိမှု၊ မြစိမ်းရောင် အတိုးရငွေဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နေမှုကို ဒီဇင်ဘာ ၈ ရက် နံနက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ် မြစိမ်းရောင်ကျေးရွာ (ငါးကဏ္ဍ) လုပ်ငန်း အရင်းမပျောက် မတည်လည်ပတ်ရန်ပုံငွေကို ကျေးရွာ တစ်ရွာလျှင် ချေးငွေကျပ် ၃၀၀ သိန်းဖြင့် ထုတ်ချေးပြီး ရရှိလာသော အတိုးရငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မြစိမ်းရောင်ကျေးရွာ (ငါးကဏ္ဍ) လုပ်ငန်းကို ဝါးခယ်မမြို့နယ်အတွင်း ကျေးရွာပေါင်း ၁၀ ရွာမှ ရေလုပ်ငန်းလုပ်ကိုင်သူများ ၊ ငါးမွေးကန်လုပ်ငန်းရှင်များ၊ အင်းလုပ်ငန်းရှင်များ စုစုပေါင်း ၆၁၉ ဦးဖြင့် လည်ပတ်ဆောင်ရွက်လျက်ရှိေ ကြာင်း သတင်းရရှိသည်။
မြို့နယ် (ပြန်/ဆက်)
No comments:
Post a Comment